ချင်းစစ်ဘေးရှောင်တွေကိုကူညီနေတဲ့လူငယ်(၄)ယောက်ကို စစ်ကောင်စီက ထောင်(၂) နှစ်ချ

ချင်းစစ်ဘေးရှောင်တွေကိုကူညီနေတဲ့လူငယ်(၄)ယောက်ကို စစ်ကောင်စီက ထောင်(၂) နှစ်ချ

ချင်းပြည်နယ်ပလက်ဝမြို့ပေါ်က ချင်းလူငယ်(၄) ယောက်ကို စစ်ကောင်စီက သက်သေအထောက် အထားမရှိပဲ  ဖမ်းဆီးပြီး ထောင်(၂) နှစ်ချလိုက်တယ်လို့ မိသားစုဝင်တွေဆီက  သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်(၄)ယောက်ဟာ ၂၀၂၁ခုနှစ် မေလက ပလက်ဝမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု (၂)  ခုသံသယနဲ့သူတို့ရဲ့နေအိမ်တွေမှာ ဖမ်းဆီးပြီး ပလက်ဝမြို့နယ်ရဲစခန်းမှာ (၁၀) လကျော်ဖမ်းဆီထားပြီး ဒီနေ့  ဧပြီလ(၅) ရက်နေ့မှာထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့  သိရပါတယ်။

“သူတို့(၄)ယောက်က ဗုံးပေါက်တဲ့ကိစ္စတွေနဲ့ဘာမှမသက်ဆိုင်ပါဘူးဗျာ၊ မင်းတပ်က စစ်ဘေးရှောင်တွေ အတွက်  အလှူငွေကောက်ပြီး ကူညီနေတာတွေပဲရှိတာ အဲ့ဒါကို သူတို့ကို ပုဒ်မတွေအမျိုးမျိုးတပ်ပြီးတရားစွဲပြီးထောင်ချလိုက်တာပါ” လို့ မိသားစုဝင်တစ်ယောက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။  

အမိန့်ချခံလိုက်ရတဲ့သူ(၄)ယောက်ဟာ မင်းတပ်စစ်ဘေးရှောင်တွေအတွက်  အလှူငွေ(၂၂) သိန်းကျော်ကို မြန်မာ့စီးပွားရေးဘဏ်ကတဆင့်လွှဲထားတဲ့အထောက်အထားတွေကြောင့် ဖမ်းဆီးအမိန့်ချမှတ်ခံရနိုင် တာဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ပါးစေတွေက  ဗုံးပေါက်ကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူအယောက် (၂၀)ကျော်ကို ဖမ်းဆီးစစ်ဆေးပြီး (၁၈) ယောက်ကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးထားတဲ့သူတွေထဲက (၁၄)ယောက်ကို ပြန်လွှတ်လိုက်ပြီး စစ်ဘေးရှောင်အရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ချင်းအဆိုတော် အိုက်မင်း၊ ကုမ္ပဏီဝန်ထမ်း အိုက်ထွန်းမင်း၊ သစ်တော်ဝန်ထမ်း အိုက်ထွန်းမင်းနဲ့ ကိုအောင်ထွန်းစိုး(ခ)အလူတို့ကို ပုဒ်မ၅၀၅(က) နဲ့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...