ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်များ ဆေးဝါး နှင့် ရိက္ခာ အရေးပေါ် လိုအပ်နေ

ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်များ ဆေးဝါး နှင့် ရိက္ခာ အရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာများ လတ်တလောအရေးပေါ် လိုအပ်လျက် ရှိသည်။

ကလေးမြို့ တောင်ဘက် ၁၅ မိုင်ခန့် အကွာရှိ နတ်ချောင်း ၊ နတ်မြောင်း ၊ ချောင်းခွ ရွာများမှ ဒေသခံများသည် ရွာလုံးကျွတ် နီးပါး တောတောင်များ၌ စစ်ဘေး ရှောင်နေကြရသည်မှာ သုံးလခန့် ရှိနေပြီ ဖြစ်သည်။

‘’ အခု ဆိုရင် သောက်သုံးရေ လုံးဝမှ မလွယ်လှပါဘူ။ ပြီးတော့ ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ နဲ့ သက်ကြီး ရွယ်အိုတွေလည်း အများကြီး ရှိနေပါတယ်။ သူနာပြု ဆရာမလေးတွေက တတ်နိုင်သလောက်တော့ စောင့်ရှောက် နေပါတယ်။ အခုက ဆေးဝါး ပြတ်တောက်နေတဲ့ အဆင့်ကို ရောက်နေပါပြီ။ စားဝတ်နေရေးကလည်း ပြေးလာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတာ ဆိုတော့ အခက်အခဲတွေ အများကြီးပါ။ အချို့ဆို ထမင်း နပ် မမှန်တာတွေထိ ရှိနေပါတယ် ”ဟု စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်သည် နတ်ချောင်းရွာ၏ မြောက်ဘက် တာရာကုန်းရွာ နှင့် တောင်ဘက် ရန်ကြီးအောင်ရွာတို့၌ လက်ရှိ တပ်စွဲထားသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...