ဖားကန့်မှာ စစ်တပ်ပိုင် အင်တာနက်လိုင်း ပြန်ဖွင့်သော်လည်း ပြည်သူများအတွက် အဆင်မပြေဟုဆို

ဖားကန့်မှာ စစ်တပ်ပိုင် အင်တာနက်လိုင်း ပြန်ဖွင့်သော်လည်း ပြည်သူများအတွက် အဆင်မပြေဟုဆို

ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ၎င်းတို့ပိုင် Mytel ဖုန်းအင်တာနက်လိုင်းတစ်ခုတည်းကို ယမန်နေ့က ပြန်ဖွင့်လိုက်သော်လည်း အသုံးပြုရန် အဆင်မပြေကြောင်း ဒေသခံများ ပြောသည်။

''ရတော့ရတယ် 4G တော့ဖြစ်နေတယ်။ သုံးလို့မရဘူးသုံးရဆာအဆင်မပြေဘူး ။သူတို့လုပ်ထားတာ Mytel ပဲရတာဗျ။ ကျန်တာဘာမှမရသေးဘူး မိုင်တဲတောင်သူတို့လုပ်ချင်သလိုလုပ်နေတာ ကျွန် တော်တို့သုံးရင်အဆင်မပြေဘူး။4Gတော့ ပြပြီးဘာမှလုပ်လို့မရဘူး အဲ့လိုဖြစ်နေတာ'' ဟု အမည်မဖော်လိုသည့် ဖားကန့်မြို့နေအမျိုးသားတစ်ဦးက ပြောသည်။

ဖားကန့်တစ်မြို့နယ်လုံးကို ပြီးခဲ့သည့် ၂၀၂၁ ဩဂုတ်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီက MPT Ooredoo Telenor Mytel ဖုန်းအင်တာနက်လိုင်းများကို ပိတ်ထားခဲ့သည်။

ယခုကဲ့သို့ လိုင်းပြန်ဖွင့်ပေးရာတွင် စစ်တပ်နှင့် နီးစပ်သည့်နေရာများတွင်သာ လိုင်းအနည်းငယ်ကောင်းပြီး စစ်တပ်နှင့် ဝေးသည့် နေရာများတွင် လိုင်းတက်သော်လည်းအသုံးပြု၍မရအဆင်မပြေကြောင်း သိရသည်။

''ကျွန်တော်တို့က Mytel တစ်ခုထဲရတယ် အသံကြားလို့ထည့်ကြည့်တာတော့ မတက်ဘူး ဖြစ်နေတယ် သူများတွေတော့သုံးနေကြတယ် တစ်ချို့နေရာတွေပဲရတာ လို့လည်းသိရတယ်'' ဟု ဖားကန့် အေးမြသာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဖားကန့်တစ်မြို့နယ်လုံးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်က ဖုန်းအင်တာနက်လိုင်းများအားလုံး ပိတ်ထားခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ထပမဆုံးနှင့် အချိန်အကြာဆုံး ဖုန်းအင်တာနက်ဖြတ်ခံထားရသည့်မြို့နယ်တစ်ခု ဖြစ်သည်။

ကချင်ပြည်နယ်နှင့် နယ်စပ်ဖြစ်သော ကသာခရိုင်အတွင်းမြို့နယ်များတွင်လည်း လွန်ခဲ့သည့် နှစ်ကစတင်ပြီး စစ်ကောင်စီက အင်တာနက်လိုင်းများပိတ်ပင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...