တောင်ကုတ်တွင်ရေကြီး၊ လက်လုပ်လက်စားများ စားဝတ်နေရေးခက်ခဲဖြစ်

တောင်ကုတ်တွင်ရေကြီး၊ လက်လုပ်လက်စားများ စားဝတ်နေရေးခက်ခဲဖြစ်
by -
မျိုးမင်း/နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ရပ်ကွက်အတော်အတော်များတွင် မိုးရွာပြီးရေများမြေနိမ့်ပိုင်းသို့ ၀င်ရောက်လာသဖြင့် လက်လုပ်လက်စား ပြည်သူများအနေဖြင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့တွင် ရေများဝင်ရောက်ရာတွင် အနိမ့်ပိုင်းတွင် လူတစ်ရပ်ကျော် (၆ ပေနီးပါးခန့်) ထိ ရေများဖုံးလွှမ်းနေကြောင်း တောင်ကုတ်ဒေသခံ ကိုရက္ခမှ နိရဥ္စရာသတင်းဌာသို့ ပြောဆိုသည်။

ရေဝင်ရောက်နေသော ရပ်ကွက်များမှာ ဆေးရုံကွပ်သစ်ရပ် (အဆုံးရပ်ကွက်)၊ ချောင်းကောက်ရပ်ကွပ် (ကွင်းချောင်း၊ မင်းချောင်း)၊ မီးစက်ရပ်ကွက်၊ ကံပိုင်၊ သိမ်တောင်၊ ညစျေးတန်းနှင့် ဂူတာရပ်ကွပ်များတွင် လမ်းကိုရေကျော်နေကြောင်း သိရသည်။

ရေကြီးမှုကြောင့် လူများအားပြောင်းရွှေ့ရခြင်း မရှိသေးသော်လည်း တောင်ကုတ်မြို့မစျေးကြီးကို စျေးသိမ်းထားကြောင်း သိရသည်။

“ လူတွေက အခက်အခဲတွေတော့ ရှိနေပါတယ်။ ရေကြီးနေတဲ့အတွက် စားဝတ်နေရေးအခက်ခဲပါ။ နောက်သွားရေး လာရေးပါ။ သွားရေးလာရေး အခက်အခဲ ဖြစ်တော့ လက်လုပ်လက်စားတွေက အပြင်ကို သွားပြီး အလုပ်မလုပ်နိုင်တဲ့အတွက် စားဝတ်နေရေး အတော်လေးအခက်အခဲ ဖြစ်နေပါတယ်” ဟု ကိုရက္ခက ပြောဆိုသည်။

လက်ရှိအချိန်တွင် ရေအနည်းကျစပြုနေသော်လည်း အများကြီးကျခြင်း မဟုတ်ကြောင်း၊ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ရေပြန်တက်မည်ကို စိုးရိမ်နေကြောင်း သူကဆက်လက်ပြောကြားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...