ပလက်ဝမြို့ရှိ မတရားဖမ်းဆီးခံရသော ချင်းလူငယ် (၄) ဦးကို ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရ

ပလက်ဝမြို့ရှိ မတရားဖမ်းဆီးခံရသော ချင်းလူငယ် (၄) ဦးကို ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရ

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ ချင်းလူငယ် (၄) ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးထားရာမှ ယနေ့ ဧပြီလ ၅ ရက်နေ့တွင် မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရလိုက်ခံရကြောင်း မိသားစုဝင်တွေထံမှ သိရပါသည်။

“အစတုန်းက ပုဒ်မ (၁၇-၁) နဲ့တရားစွဲတယ်။အဲ့ဒီအပြင် မကြာသေးခင်ကပဲ (၅၀၅-က) ပုုဒ်မ တပ်ပြီး တပ်မှ ဒီနေ့ဆိုရင် ၁၀ လကျော်သွားပြီပေါ့ ဒီနေ့ရုံးချိန်းမှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တာပေါ့။ အဓိကတော့ အဲ့ဒီ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့တော့ သူတို့အနေနဲ့လည်း ခိုင်လုံတဲ့ အထောက်အထား လည်း မရှိဘူး၊ ဆက်နွယ်မှုလည်းမရှိပါဘူး။ ဒါပေမယ့် အဲ့တုန်းက မေလအတွင်းမှာ မင်းတပ်စစ်ဘေး ရှောင် တွေအတွက် ကူညီထောက်ပံ့ပေးဖို့အတွက် အလှူငွေကောက်ခံတာမျိုးတွေရှိတယ်။ အဲ့တာကို သူတို့က အတည်ယူပြီးမှ ပုုဒ်အမျိုးမျိုးစွဲပြီးမှ ထောင်ဒဏ်ချမှတ်လိုက်တာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်နေ့ မနက်ပိုင်း နေရာနှစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ချင်းလူငယ် လေးဦးကို ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ လူငယ်လေးဦးကို ပလက်ဝမြို့ပေါ် ရဲစခန်းအချုပ်တွင် ဆယ်လကျော်အတွင်း မြို့နယ်တရားရုံးမှ အကြိမ်ကြိမ် ရုံးချိန်းစစ်ဆေးခဲ့သော်လည်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ခိုင်လုံသည့် သက်သေအထောက်အထား မရှိကြောင်း သိရကြောင်းလည်း သိရသည်။

ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသည့် လူငယ် ၄ ဦးမှာ အိုက်မင်း (အဆိုတော်)၊ အိုက်ထွန််းမင်း (ကုမ္မဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ အောင်ထွန်းစိုး (ခ) အလူ တို့ဖြစ်ကြသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...