မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များကို ဦးတည်တိုက်ခိုက်သွားမည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဆို

မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များကို ဦးတည်တိုက်ခိုက်သွားမည်ဟု ဒေသကာကွယ်ရေးအဖွဲ့ဆို

မန္တလေး၌ သင်္ကြန် မဏ္ဍပ်များကို ဦးတည် တိုက်ခိုက်သွားရန် ရှိသောကြောင့် စစ်ကောင်စီ လုပ်မည့် သင်္ကြန်ကို ပြည်သူများ မဆင်နွှဲကြရန် မန္တလေး အခြေစိုက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ Justice Mandalay PDF က ဆိုသည်။

“အဓိကက ကျုံးပတ်ပတ်လည်မှာ ရှိတဲ့ ရေကစား မဏ္ဍပ်တွေပေါ့နော်။ အဲဒီမှာ ဗုံးကွဲလို့ သေတဲ့သူ၊ ထိခိုက်တဲ့ သူတွေကို ကျွန်တော်တို့က ဘာမှ လှည့်ကြည့်နေမှာ မဟုတ်ပါဘူး။ ဘာမှလည်း ထည့်ဂရုစိုက် နေမှာ မဟုတ်ပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီး မန္တလေး UG တပ်ပေါင်းစု ကိုတော့ နည်းနည်းလေး နားလည် ပေးစေချင်ပါတယ်။ ကျုံးပတ်ပတ်လည်မှာ ရှိတဲ့ မဏ္ဍပ်တိုင်းကို ကျွန်တော်တို့က အဓိက ဦးတည်ပြီး ပစ်မှတ်ထား သွားမှာပါ” ဟု Justice Mandalay PDF မှ ဗိုလ် Justice က မဇ္စျိမ ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်း နေသယောင် ဝါဒဖြန့်ချိ လို၍ သင်္ကြန်ပွဲကို စီစဉ်လျက် ရှိသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကမှု စစ်အုပ်စု ဝါဒဖြန့်ချိမှု မအောင်မြင်စေရန်  သင်္ကြန်ကာလ အတွင်း စစ်ရေးအရှိန် မြှင့်တင်သွားရန် ရှိကြောင်း ယခုရက်ပိုင်း သတင်း ထုတ်ပြန်သည်။

“ရပ်ကွက်ထဲမှာ ပျော်ပျော် ၊ ဘယ်မှာပဲ ပျော်ပျော်ပေါ့နော်။ အဲဒီ ပျော်တဲ့ အဖွဲ့တွေကို ကျွန်တော်တို့ သတိပေးလိုတာက နောက်တော့မှ ကျွန်တော်တို့အဆိုး မဆိုပါနဲ့။ ကျွန်တော်တို့က ဒီသင်္ကြန်ကို တော်လှန်သင်္ကြန် ရေမစိုသင်္ကြန် ဆိုပြီး သတ်မှတ် ထားပါတယ်။ အဲဒီလို သတ်မှတ်ချက် စည်းကမ်းနဲ့ မကိုက်ညီ ရင်တော့ ကျွန်တော်တို့ မန္တလေး UG တပ်ပေါင်းစုကို အပြစ် မပြောဖို့ တောင်းဆို ချင်ပါတယ်” ဟု ဗိုလ် Justice က ဆိုသည်။

သင်္ကြန်ကာလ အတွင်း စစ်ကောင်စီကို တော်လှန်သည့် စစ်ရေး လှုပ်ရှားမှု  အရှိန်မြှင့် လုပ်ဆောင်သွားမည်  ဖြစ်၍  ပြည်သူလူထု အနေဖြင့်  စစ်ကောင်စီ၏ သင်္ကြန်ပွဲတွင် မပါ၀င် မဆင်နွှဲကြရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေးတိုင်း) ကလည်း သတင်း ထုတ်ပြန်ထားသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...