ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ၂ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ၂ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား များနှင့် ‌ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM က ဧပြီလ ၃ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ တပ်သားများသည် ဧပြီ ၂ ရက်နေ့မှ စတင်၍ ရေစကြိုနယ်ရေလယ်ကျွန်းဒေသရှိရွှေလှံ ၊ မီးလောင်ကျွန်း၊ ဖြုံဘူး၊ ဇရပ်နီကျေးရွာနှင့် မြောင်မြို့နယ်မြစ်ဆုံ၊ မင်းလှကျေးရွာများအတွင်းသို့ ခြေလျင်စစ်ကြောင်းသုံးကြောင်းထိုးကာ ဝင်ရောက်လာခြင်းကြောင့် ဒေသခံကာကွယ်ရေးတပ်များအနေဖြင့် ရင်ဆိုင်တိုက်ပွဲများကို ဆင်နွှဲခဲ့သည်။

" ရေစကြိုနယ် ရေလယ်ကျွန်းကို သူတို့ရောက်လာတာ။ ကျွန်တော်တို့က ရှော့တိုက်ဒုံးနဲ့ပစ်တာ လေးကောင်ကျတယ်။ အဲ့တော့ သူတို့ပြန်ဆုတ်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က လိုက်တိုက်တာ ငါး ယောက်ကျတယ်။ ဒီနေ့မနက်မှာတော့ သူတို့က လာကူတဲ့သူတွေနဲ့ ရေစကြိုနယ်ထဲကို စစ်ကြောင်း ပြန်ထိုးလာတယ်။ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို တော့ ပြန်သယ်သွားတာတွေ ရှိတယ် " ဟု CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောသည်။

ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်များတွင် ဒေသကာကွယ်ရေးတပ် ၂၂ ဖွဲ့တို့ ပူးပေါင်းကာ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးနှင့် ဧပြီလ ၃ ရက်နေ့ တိုက်ပွဲတွင် ခုနစ်ဦးကျဆုံးကာ ခုနစ် ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း CDSOM မှ သိရသည်။

ယမန်နေ့ကလည်း ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာရှိ အိမ်ခြေ ၅၇ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ပွဲများကြောင့် ရေစကြိုမြို့နယ်နှင့် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၂၀၀ ကျော်စစ်ဘေးရှောင်နေရသည်။

" ဒီနေ့ကတော့ တိုက်ပွဲဖြစ်ဖို့ အခြေအနေရှိလို့ ကျွန်တော်တို့တွေ စောင့်ကြည့်နေတာ။ စကစတွေကတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ စစ်ကောင်စီတပ်တွေက တက်လာလိုက် ပြန်ဆင်းသွားလိုက်ဖြစ်နေတော့ ရေလယ်ကျွန်းရွာက ဒေသခံတွေ ဟိုပြေး ဒီပြေး ဖြစ်နေတာပေါ့ " ဟု ကိုနွေဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဧပြီလ ၂ ရက်ကစတင်ပြီး ရေစကြိုနယ်ရေလယ်ကျွန်းဒေသရှိရွှေလှံ ၊ မီးလောင်ကျွန်း၊ ဖြုံဘူး၊ ဇရပ်နီကျေးရွာနှင့် မြောင်မြို့နယ်မြစ်ဆုံ၊ မင်းလှကျေးရွာများအတွင်း သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ်များနှင့် ဘုန်းကြီးကျောင်းများပါ မကျန် မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် သတ်ဖြတ်ခြင်းများကို ကျူးလွန်နေကြောင်း CDSOM က ထုတ်ပြန်ထားသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...