ကြည့်မြင့်တိုင်မြို့နယ်တွင် ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦးဖမ်းဆီးခံရ

ကြည့်မြင့်တိုင်မြို့နယ်တွင် ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦးဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းနှင့်ထီးတန်းလမ်းရှိ ကာကွယ်ရေးတပ်ဖွဲ့များနေထိုင်သော နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့မှ မတ်လ ၂၆ ရက်နေ့ မနက် ၅ နာရီ၃၀မိနစ်အချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရမှုတွင် အမျိုးသား လေးဦးနှင့် အမျိုးသမီးနှစ်ဦးဖမ်းဆီးခံခဲ့ရပြီး နောက်ထပ်တစ်ဦးမှာ ဖမ်းဆီးခံရချိန်တွင် ဦးခေါင်းအားသေနတ်ဖြင့်တေ့ပစ်ခံခဲ့ရသည်ဟု ပတ်ဝန်းကျင်အပြောအရသိရပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖမ်းဆီးခံရမှုမှာ ရဲဘော်တစ်ဦးကို လိုင်းပေါ်တွင် ချစ်ကြိုက်သောမိန်းကလေးတစ်ဦးမှ ပစ္စည်းကူညီမည်ဟုလိမ်ညာချိန်းဆိုခဲ့ပြီး အကွက်ဆင်ဖမ်းဆီးကာ ကျန်ရဲဘော်များနေထိုင်ရာနေရာများကိုလည်းဖော်ထုတ်ခံခဲ့ရသည်ဟု သိရသည်။

"ငှားရမ်းထားတဲ့အခန်းစာချုပ်တွေ အခန်းတွင်းရှိတဲ့ ပစ္စည်း ၊ဖုန်း တွေပါသွားတယ်၊အခန်းကငှားထားတာတစ်လမပြည့်သေးဘူး၊အခြားလက်နက်ခဲယမ်းတွေတော့မပါသွားဘူး၊သိန်း၄၀ ဝန်းကျင်လောက်ပါသွားတယ်"ဟု Free Tiger Ranger အဖွဲ့မှ ဗိုလ်တိုက်ဂါးကပြောသည်။

ဖမ်းဆီးခံရသူများမှာ အောင်မင်းခန့်၊ဇေယျာလင်း(ခေါ်)ကိုဝတုတ်၊ဇေယျာ၊လွင်မိုးကျော်(ခေါ်)ပေသီး၊ခိုင်လေးနှင့်ဆုနဒီဦးတို့ဖြစ်ပြီး ၎င်းတို့ ခြောက်ဦးအား ရွှေပြည်သာတပ်မ (၄၄)စစ်ကြောရေးတွင် ဖမ်းဆီးထား၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟုသိရပြီး မှန်ကြီး(ခေါ်)လေးလုံးမှာ သေနတ်ဖြင့် ဦးခေါင်းအားအပစ်ခံရ၍သေဆုံးသည်ဟူသောသတင်းမှာ အတည်မပြုနိုင်သေးကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီမှ မိန်းမငယ်လေးများအား စုဖွဲ့ကာ PDF ရဲဘော်များအား အွန်လိုင်းပေါ်မှ ရှာဖွေဖော်ထုတ်နေကြပြီး တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း ရန်သူအားလျော့မတွက်ရန်နှင့် အသိသတိရှိကြရန် တိုက်တွန်းပြောကြားထားသည်။

မတ်လ ၂၀ရက်နေ့ကလည်း ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်း(၂၆)ရပ်ကွက်၊ရွှေပဒေသာ(၂)လမ်းရှိ နေအိမ်တစ်ခုတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းအားစစ်ဆေးမေးမြန်းမှုကြောင့် ကျန်ရဲဘော်သုံးဦးအား ထပ်မံဖမ်းဆီးခံခဲ့ရသေးသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...