တိုင်းရင်းသားလက်နက်ကိုင်များ ခြံစည်းရိုး ခွမထိုင်ဘဲ ပြည်သူ့ဘက်က ရပ်ရန် CNF ဒုဥက္ကဋ္ဌပြော

တိုင်းရင်းသားလက်နက်ကိုင်များ ခြံစည်းရိုး ခွမထိုင်ဘဲ ပြည်သူ့ဘက်က ရပ်ရန် CNF ဒုဥက္ကဋ္ဌပြော

အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ခြံစည်းရိုး ခွထိုင်နေမည့်အစား ပြည်သူ့ဘက်က ပါဝင် ရပ်တည် တိုက်ပွဲ ဝင်ကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ (၃) ဖြစ်သူ ဒေါက်တာရွှေခါးက ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သော ၃၄ နှစ်မြောက် ချင်းအမျိုးသား တော်လှန်ရေးနေ့ အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မိန့်ခွန်း ရုပ်သံဖိုင်ကို Chinland Information Center က ယနေ့ ဧပြီ ၄ ရက်နေ့တွင် ထုတ်ပြန် ဖော်ပြထားခြင်း ဖြစ်သည်။

“တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဟာ ယခု ဖြစ်နေတဲ့ ပြဿနာကို မိမိနဲ့ မသက်ဆိုင် သလို ခြံစည်းရိုး ခွထိုင်ပြီးတော့ ဘေးထိုင်ဘုပြော နေမယ့်အစား ပြည်သူလူထုဘက်မှာ ရပ်တည်ပြီးတော့ တိုက်ပွဲဝင်ကြဖို့ ကျွန်တော် တိုက်တွန်း လိုပါတယ်” ဟု ဒေါက်တာရွှေခါးက ဆိုသည်။

လက်ရှိ ကာလသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ အားလုံး ပူးပေါင်းရန် ကောင်းသည့် အချိန် ဖြစ်သော်လည်း အားလုံး ပါဝင်ရေးမှာ ဖြစ်စေချင်သည့် ဆန္ဒသာ ဖြစ်ပြီး နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အသီးသီးတွင် သမိုင်း ဖြတ်သန်းမှု၊ နိုင်ငံရေး နားလည်မှုတို့ အပေါ် မူတည်၍ ရပ်တည်သည့် ပုံစံ မတူသည်မှာ ယခင်ရော၊ ယခုပါ ရှိနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“ အတတ်နိုင်ဆုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်နိုင်အောင် ကြိုးပမ်းကြဖို့ အဖွဲ့ အသီးသီးကို မေတ္တာ ရပ်ခံ လိုပါတယ်။ သို့သော် အဲ့ဒီလို မပါဝင်ဘူး ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ ဝေဖန် ပြစ်တင်စရာ၊ ထိုးနှက် တိုက်ခိုက်စရာ မလိုပါဘူး။ သမိုင်းက သူ့နေရာနဲ့သူ နေရာ ပေးလိမ့်မယ်။ သမိုင်းက နေရာ ချလိမ့်မယ်လို့ပဲ ယုံကြည် မျှော်လင့် ထားပါတယ် ” ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ် လက်မှတ် (NCA) မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)  သည်လည်း အာဏာရှင်ကို တော်လှန်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လက်နက်ကိုင်ခဲ့ သကဲ့သို့ ယခုအချိန်တွင်လည်း တိုက်ပွဲဝင်လျက် ရှိကြောင်း ဆိုသည်။

“ တော်လှန်ရေး အဖွဲ့အစည်း ဆိုရင် ရပ်တည်ချက်ကတော့ တူတာပေါ့နော်။ တိုက်ပွဲဖြစ်တာ မဖြစ်တာကတော့ တချို့ အဖွဲ့အစည်းတွေက ဘုံရည်မှန်းချက် တူပေမယ့်လည်း သူ့ အားနည်းချက်၊ အားသာချက် အမျိုးမျိုးတော့ ရှိတာကြပေါ့ ”  ဟု TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ဒေါက်တာရွှေခါး၏ မိန့်ခွန်းထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အထူးသဖြင့် CNF၊ KIA၊ KNPP၊ KNU နှင့် PDF များသည် ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်နေပြီး ပြည်သူလူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိထားကြောင်းလည်း ပါရှိသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည် မြို့ကြီးများမှ အပ ကျန်နယ်မြေများတွင် ပြည်သူ့ အုပ်ချုပ်ရေးစနစ် ထူထောင် ဖွဲ့စည်းလျက် ရှိကြောင်းလည်း ၎င်းက ပြောသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...