သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီး၊ ရွာသား ၃၀၀၀ နီးပါး ထွက်ပြေး

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီး၊ ရွာသား ၃၀၀၀ နီးပါး ထွက်ပြေး

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်နှင့် စော်ဖျားရွာတို့ကို ယမန်နေ့က စစ်ကောင်စီ တပ်ဖွဲ့ က အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးခဲ့ရာ ရွာသား ၃,၀၀၀ နီးပါး ထွက်ပြေး နေရကြောင်း ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က မတ်လ ၃၀ ရက်နေ့တွင် လက်နက်ကြီး ပစ်ခတ်ပြီး ရွာခံ ပြည်သူများကို နှင်ထုတ်ခဲ့ကြောင်း ဒေသခံက ဆိုသည်။

“အခုက စစ်ရေး တင်းမာလာ နိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။ အခုတောင် စစ်တပ်က ပြည်သူ တချို့ကို ဖမ်းထားတယ်၊ နေအိမ်တွေလည်း မီးရှို့ခံထား ရတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီ ပူးပေါင်းတပ် အင်အား ၂၀၀ နီးပါး ကျေးရွာ အတွင်း ကင်းပုန်းချထားကြောင်း ရွာသား ၃၀ ထက် မနည်း ဖမ်းဆီးခံ ထားရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က တောင်ပျောက် တိုက်နယ် အဝင်လမ်းကို ပိတ်ဆို့ထားပြီး စော်ဖျားရွာ အတွင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

“စစ်တပ်ကပဲ အရင် ပစ်တာမျိုး ရှိနေပါတယ်၊ PDF တွေနဲ့တော့ ထိပ်တိုက် တိုက်ပွဲ ဖြစ်တာ မျိုးတော့ မရှိသေးဘူး၊ ဒါပေမယ့် စစ်ရေး တင်းမာနေတဲ့ အနေအထားတော့ ရှိနေပါတယ်” ဟု ဒေသခံက ပြောသည်။

တောင်ပျောက် တိုက်နယ် အတွင်း ကျေးရွာ ၁၀ ရွာရှိပြီး ပြည်သူ့ ကာကွယ်ရေးဖွဲ့နှင့် စစ်ကောင်စီ တပ်တို့ လေးကြိမ်ထက် မနည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထားဝယ်မြို့ အရှေ့ဘက်ခြမ်း ထားဝယ်-မေတ္တာ လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ အင်အား ဖြည့်တင်း နေသဖြင့် တိုက်ပွဲ ဖြစ်ပွား နိုင်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...