မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နှင့်ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွား

မုံးပေါ်ဒေသမှာ စစ်ကောင်စီတပ်နှင့်ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်‌ မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မုံးပေါ်ဒေသ၊ မန်ကျမ်ရွာအနီးမှာ ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်မှစကာ စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်ထံမှသိရသည်။

"မနေ့ည ၃ နာရီလောက်ကနေ ၆ ခွဲ လောက်ထိ စစ်ကောင်စီတပ်မ ၉၉ နဲ့ ကိုးကန့် MNDAA ၅၃၃ တို့ တိုက်ပွဲဖြစ်တာ။ ခု ဒီမနက်တောင် မုံးပေါ်ဈေးရွာဘက် ကိုးကန့် တွေ အပြည့်ပဲ" လို့ ဒေသခံတစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသည် KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ ‌နေရာဖြစ်သည့် မန်ကျမ်ရွာနှင့် ဟူဘန်ရွားကြားရှိ ကျောက်တိုင်အပေါ် ၊ မုံးနွယ်ကုန်းတွင်ဖြစ်ပွားကာ ကိုးကန့် MNDAA တို့ အသင့်စောင့်နေသည့်နေရာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရောက်လာတာကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာဟု သိရသည်။

လက်ရှိချိန်တွင် တိုက်ပွဲဖြစ်ပွားရာအနီးမှ ဒေသခံများလည်း တိုက်ပွဲကြောင့် ခေတ္တခဏထွက်ပြေးတိမ်း‌ရှောင်ခဲ့ကြရကြောင်း သိရသည်။

မုံးပေါ်ဒေသ မန်နောင်ကောင်ရွာထိပ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား  မတ်လ ၂၈ ရက်နေ့ တစ်ရက်တည်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ လက်နက်ကျည် ထိမှန် ပျက်စီးသွားခဲ့သည်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာလည်း မုံးပေါ်ဒေသ ဆမာရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားကာ ရွာခံတွေက ဘေးလွတ်ရာသို့ ယာယီ ရှောင်တိမ်းခဲ့ကြရတာဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလမှစကာ လက်ရှိအထိ စစ်ကောင်စီနဲ့ KIA, MNDAA တို့အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...