ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုသူ ၂၂၅၉ဦးရှိ၊ ၇၀၁ ဦး ပျက်ကွက်

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ဖြေဆိုသူ ၂၂၅၉ဦးရှိ၊ ၇၀၁ ဦး ပျက်ကွက်

စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့က စတင်ဖြေဆိုခဲ့ကြပြီး ချင်းပြည်နယ်တွင် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့်အနက် စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူဦးရေ စုစုပေါင်းမှာ ၂၂၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၆.၃၂% ရှိကာ ပျက်ကွက်သူဦးရေ စုစုပေါင်း ၇၀၁ ဦးရှိကြောင်း မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ မြို့နယ်တို့မှာ စာမေးပွဲဖြေဆိုသူရှိခဲ့ပြီး ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်တို့တွင်ဖြေဆိုသူမရှိခဲ့ကြပေ။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...