ထား၀ယ်၌ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံး ပစ်ခတ်သတိပေးခံရ

ထား၀ယ်၌ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံး ပစ်ခတ်သတိပေးခံရ

စစ်ကောင်စီက ကျင်းပနေသည့် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် နေ့တွင် ထားဝယ်မြို့ရှိ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးရုံး ကို သေနတ် ပစ်ခတ် သတိပေး ခဲ့ကြောင်း Guerrilla Dawei အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့  အ.ထ.က (၂ ) ကျောင်းရှေ့ရှိ မြို့နယ် ပညာရေးမှူးရုံးနှင့် ခရိုင်ပညာရေးမှူး ရုံးတို့ကို ယနေ့ မတ်လ ၃၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ် တွင် သေနတ် ခုနှစ်ချက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းအဖွဲ့ တာဝန်ရှိသူက “တစ်နိုင်ငံလုံး နီးပါးက ကျောင်းသား လူငယ်တွေ အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်ပြီး ကျောင်းမ တက်ဖို့ သပိတ်မှောက် ဆန္ဒပြနေချိန်မှာ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ထမ်း တချို့နဲ့ စစ်ကောင်စီ လက်ပါးစေတို့က ကျင်းပနေတဲ့ စာမေးပွဲ ရပ်တန့်ဖို့ သတိပေး ပစ်ခတ်တာ ဖြစ်တယ်”ဟု ပြော သည်။

ပစ်ခတ်ခံခဲ့ရသည့် ပညာရေးမှူးရုံး အနီး တစ်ဝိုက်တွင် စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တနင်္သာရီတိုင်း အတွင်း မြို့နယ်ရှိ ၁၀ ခု စာစစ်ဌာန ၂၈ ခု အတွက် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူ လေးထောင်ကျော်ရှိကြောင်း သိရ သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...