ပူတာအို စစ်ဘေးရှောင်များ နေရပ်ပြန်

ပူတာအို စစ်ဘေးရှောင်များ နေရပ်ပြန်

တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ တိမ်းရှောင်နေရသည့် ပူတာအိုဒေသမှ စစ်ဘေးရှောင်များ ယနေ့ နေ့လည်က နေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း ကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်ဘေး တိမ်းရှောင်နေသည့် ပူတာအိုဒေသ ဆွမ်ပီယန်၊ လုံရှာယန်နှင့် ဖက်မာကျေးရွာ အုပ်စုများမှ အိမ်ထောင်စု ၂၀၀ ခန့် လူဦးရေ စုစုပေါင်း ၄၀၀ ခန့် မနောကွင်း အတွင်း စုစည်းပြီး နေရပ်ပြန်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများ ကူညီပေးခဲ့ကြောင်း ဆိုသည်။

ပူတာအို ဒေသတွင် တိုက်ပွဲများ မဖြစ်ပွားတော့ သဖြင့် ပြည်သူများ နေရပ်ပြန်နိုင်ရေး မတ်လ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ် အခြေပြု မြစ်ကြီးနား ခရစ်ယာန် ကောင်စီ (MCC)၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) တို့က စစ်ကောင်စီနှင့် ညှိနှိုင်းမှုများကြောင့် ယခုကဲ့သို့ နေရပ် ပြန်နိုင်ခြင်း ဖြစ်ကြောင်း ဆိုသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...