ကိုးကန့်တော်လှန်ရေးခေါင်းဆောင် ဖုန်ကြားရှင်ဈာပန အခမ်းအနားသို့ စစ်ကောင်စီ ခေါင်းဆောင် ပန်းခွေပို့

ကိုးကန့်တော်လှန်ရေးခေါင်းဆောင် ဖုန်ကြားရှင်ဈာပန အခမ်းအနားသို့ စစ်ကောင်စီ ခေါင်းဆောင် ပန်းခွေပို့

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသတွင် မတ်လ ၂၉ ရက်နေ့မှ စတင် ကျင်းပနေသည့် ကိုးကန့် တော်လှန်ရေး ခေါင်းဆောင် ဖုန်ကြားရှင် ၏ ဈာပန အခမ်းအနားသို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်အရာရှိများက လွမ်းသူ့ ပန်းခွေ ပေးပို့ခဲ့ကြောင်း MNDAA တပ်ဖွဲ့၏ သတင်းပြန်ကြားရေး စာမျက်နှာ The Kokang တွင် ဖော်ပြသည်။

မင်းအောင်လှိုင် အပါအဝင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိရုံးတို့မှ ဈာပနသို့ ပန်းခွေ ပေးပို့ခဲ့သည်ဟု မှတ်တမ်း ဓာတ်ပုံများအရ သိရသည်။

သုံးရက်ကြာ ကျင်းပမည့် အခမ်းအနားကို ယမန်နေ့က စတင်ခဲ့ရာ FPNCC အဖွဲ့ဝင်များ ဖြစ်သည့် KIA ၊ UWSA ၊ NDAA ၊ AA ၊ TNLA ထိပ်သီး ခေါင်းဆောင်များနှင့်  KNDF ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း၊ SSPP ကမူ ကိုယ်စားလှယ်သာ စေလွတ်ခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီဘက်မှ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး တက်ရောက်ခဲ့ပြီး ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီမှ အရာရှိများနှင့် ထိုင်းနိုင်ငံမှ မိတ်ဆွေများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကြားရှင်သည် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် MNDAA ကိုးကန့် တပ်ဖွဲ့ ထူထောင်ခဲ့သူ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...