မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှ တစ်ဘက်နိုင်ငံမှ ၀င်လာသူ သီဟိုအေ မြိုကျေးရွာသို့ အကူအညီပေး

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှ တစ်ဘက်နိုင်ငံမှ ၀င်လာသူ သီဟိုအေ မြိုကျေးရွာသို့ အကူအညီပေး
by -
နိရဥ္စရာ
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းမှ တစ်ဘက်နိုင်ငံမှ ရောက်ရှိခိုလုံနေကြသည့် မောင်တောမြို့ (၃) မိုင် သီဟိုအေးကျေးရွာရှိ မြိုအိမ်ထောင်စု (၁၈) စုအား ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကူညီပေးမှုအား ဇူလိူင်လ ၂၀ ရက် ညနေ ၃ နာရီ အချိန်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

လှူဒါန်းသည့်ပစ္စည်းများမှာ မိသားစုတစ်စုလျှင် ဘတ်အိတ်တစ်လုံး၊ ထီးတစ်ဆောင်၊ ကလေးကစားစရာ၊ အဝတ်အထည်မျိုးစုံ၊ ကိုယ်ဝန်ဆောင်များအတွက် ကလေးအနှီး စသည့်ပစ္စည့်များ ဖြစ်ကြောင်း သိရသည်။

"အဝတ်အထည်များကိုတော ဆရာမတို့အဖွဲ့က မောင်တောမြို့ပေါ်မှ စေနာရှင် တွေထံ အလှူခံပြီး ကျန်တဲ့ ပစ္စည်းတွေကတော့ မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွား အသင်းမှ ဆရာမတွေက စုပေါင်းပြီး လှူဒါန်းတာဖြစ်ပါတယ်” ဟု bluester အပြာဝတ် ဆရာမကြီး ဒေါ်ခင်စောဦး ကပြောသည်။

၂၀၁၆ ခုနှစ် အရေးအခင်းအတွင်း အကြမ်းဖက်သမားများ၏ ရန်ကို ကြောက်ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှ မောင်တောမြို့နယ်ထဲသို့ ၀င်ရောက်ခိုလုံလာကြသည့် မြိုတိုင်းရင်းသား မိသားစု ၁၈ စု အတွက် (၃) မိုင် ဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ကျောင်းပိုင်မြေပေါ်တွင် သီဟိုအေး အမည်ဖြင့် ကျေးရွာတစ်ရွာကို တည်ဆောက်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

သီဟိုအေး ကျေးရွာတွင် လူဦးရေ ၈၆ ဦးရှိပြီး WFP မှ တစ်ဦးလျှင် တစ်လအတွက် ဆန်ရ ပြည် ခွဲ၊ ဆီ/ပဲ/ ဆားနှ င့် ၅ နှစ်အောက် ကလေးငယ်များကို အဟာရများ ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။

သီဟိုအေးရွာရှိ မြိုတိုင်းရင်းသားများ အနေဖြင့် မိုးရာသီတွင် ခရု၊ ဖားရှာ၊ မျှစ်ချိုး ဟင်းရှာ စသည့် အလုပ်များ ဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး ဆင်းရဲကြသဖြင့် အိမ်များကို မဆောက်နိုင်ဘဲ ပလစတစ်များဖြင့် တဲထိုးနေထိုင်နေကြရပြီး အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...