မတူပီမြို့နယ် ဝေတူးကျေးရွာ ပြည်သူအားလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြရ

မတူပီမြို့နယ် ဝေတူးကျေးရွာ ပြည်သူအားလုံးနီးပါးထွက်ပြေးတိမ်းရှောင်နေကြရ

မတူပီမြို့နယ်၊ ဝေတူးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ အင်အားဖြည့်တင်းမှုများရှိနေသောကြောင့် မတ်လ ၂၈ ရက်နေ့မှစတင်ပြီး ကျေးရွာနေပြည်သူ အားလုံးနီးပါး လွတ်မြောက်နယ်မြေနှင့် အခြားကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

“ လောလောဆယ်တော့ ဝေတူးရွာက ပြည်သူတွေမရှိသလောက်ဖြစ်နေပြီ။သူတို့လည်း ပြီးခဲ့တဲ့အခေါက်က အဖမ်းအဆီးလေးရှိနေတော့ နောက်တွဲ နည်းနည်းစိုးရိမ်လို့ ရွာလုံးကျွတ်တိမ်းရှောင်တယ်လို့သတင်းရတယ်။ နီးစပ်တဲ့ကျေးရွာနဲ့ ပူးပေါင်းတာရှိသလို တချို့တွေကလည်း လွတ်မြောက်နယ်မြေဖက်ကို တိမ်းရှောင်တဲ့ အခြေအနေဖြစ်နေတယ်။” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

ဝေတူးကျေးရွာသို့ မတ်လ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်က နယ်မြေရှင်း လင်းရေး ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲချက်ဖြင့် ပြည်သူများကို ဖမ်း ဆီခြင်းနှင့် ပြည််သူများ၏ ဖုန်း ၂၄ လုံးကိုလည်း သိမ်းယူခဲ့သောဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ ရွာထဲသို့မနေရဲကြ တော့ပဲ ထွက်ပြေကြခြင်းဖြစ်သည်။

မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသော ဝေတူးကျေးရွာတွင် လူဦးရေ ခန့်မှန်းချေ ၂၅၀ ဝန်းကျင်ရှိပြီး မတူပီမြို့ အရှေ့ဖက်  စစ်ဗျူဟာကုန်းနှင့် မျက်နှာချင်းဆိုင် ကျေးရွာဖြစ်ကြောင်း သိရသည်။

မတူပီမြို့သည် စစ်ကောင်စီတပ် စစ်ဗျူဟာအခြေစိုက်ရာဒေသနှင့် ခမရ ၃၀၄ နှင့် ၁၀၄ တပ်ရင်းနှစ်ရင်းတပ်စွဲ ရာဒေသဖြစ်သည်။ ယခုလက်ရှိတွင်လည်း မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းရန် မင်းတပ်မြို့မှ စစ်ကောင်စီ ယာဉ်တန်းကားအစီး ၈၀ ကျော်နှင့် ချီတက်လာကြပြီး CDF-Mindat တပ်ဖွဲ့နှင့် လမ်းခုလတ်တွင် တိုက်ပွဲဖြစ်ပွား လျှက်ရှိသည်။

September 19, 2026
စစ်အုပ်စုတပ်၏ မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသူ ချင်းလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည်...
ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...