စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုအတွက် အပြစ်မရှိကြောင်း မွန်ဝန်ကြီးချုပ် ထွက်ဆို

စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုအတွက် အပြစ်မရှိကြောင်း မွန်ဝန်ကြီးချုပ် ထွက်ဆို

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကိုတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲမှာ မလျော်သြဇာ သုံးမှုတွေအတွက်  မတ်လ ၂၉ ရက်နေ့ ရုံးချိန်းမှာ မော်လမြိုင်မြို့နယ်တရားရုံးက စွဲချက်တင် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စွဲချက်တင် အမိန့်မချမှတ်ခင် စစ်ကောင်စီ တရားသူကြီးက အပြစ်ရှိ မရှိ မေးမြန်းရာမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အပြစ်မရှိကြောင်း ထွက်ရှိခဲ့တာပါ။ ဒါကြောင့် လာမယ့် ရုံးချိန်းမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်ကို စစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ဖွင့်လှစ်ထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၉ မှု အပါအဝင် အမှု ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...