ပေါက်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား၍ တစ်ဦးဒဏ်ရာရ

ပေါက်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား၍ တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာ တောင်ကျော်လမ်းအနီးတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ပစ်ခတ်သူမှာ ပေါက်တောမြို့နယ် စစ်ကဲပြင် (ဘင်္ဂလီရွာ) လုံခြံုရေးစခန်းမှ ဒုရဲအုပ် ဇာဇာမင်းဖြစ်ပြီး BA 94 သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပစ်ခံရသူမှာ ရဲတပ်ကြပ်စန်းစန်းလင်းဖြစ်ပြီး သူ၏ချက်အထက် ၀မ်းဗိုက်တွင်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့သည်ဟု သိရသည်။

“လုံခြံုရေးတပ်ဖွဲ့ ၁၂ က တပ်ဖွဲ့ဝင်တွေဖြစ်တာပါ။ ပေါက်တောမြို့နယ် အပိုင်တော့ ပေါက်တောအပိုင်ပါ၊ ဒါပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရပါဘူး။ ဒဏ်ရာရတဲ့သူကို မနေ့ကတည်းက စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ ကြားသိရပါတယ်”ဟု ပေါက်တောမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက (ဇူလိုင် ၂၀ရက်နေ့တွင်) နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာ လုံခြံုရေး ရဲတပ်ဖွဲ့ ၁၂ မှ စစ်ကဲပြင် လုံခြံုရေး ရဲကင်းတွင် တာဝန် ကျနေသော ဒုရဲအုပ် ဇာဇာမင်း အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးသည် စစ်ကဲပြင်မှ ဆင်အိုင်ရွာသို့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရောက်ရှိ၍ ၄င်းမှ ပိန္နဲချောင်းကျေးရွာသို့ သွားရောက်ပြီး၊ ပိန္နဲချောင်းရွာမှအပြန် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ဆင်အိုင်ကျေးရွာအနီး တောင်ကျော်လမ်းအရောက်၌ ဒုရဲအုပ် ဇာဇာမင်းနှင့် ရဲတပ်ကြပ် စန်းစန်းလင်းတို့ စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသည့် ရဲတပ်ကြပ် စန်းစန်းလင်းအား ညနေ ၆ နာရီအချိန်တွင် စက်လှေတစ်စီးဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့လိုက်သည်ဟု လေ့လာသိရှိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...