Danko ဆီဆိုင် တိုက်ခိုက်မှုတွင် ငွေကြေး ယူဆောင်ခြင်း မရှိခဲ့ဟု STA ဆို

Danko ဆီဆိုင် တိုက်ခိုက်မှုတွင် ငွေကြေး ယူဆောင်ခြင်း မရှိခဲ့ဟု STA ဆို

မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ Denko ဆီဆိုင်အား မီးရှို့ပြီး ကောင်တာနှင့် ဆီပန့်များကို လက်ပစ်ဗုံး သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ သော်လည်း ငွေကျပ်သိန်း ၆၀ ယူဆောင်သွားသည် ဆိုသည်မှာ သတင်းမှားသာ ဖြစ်ကြောင်း တိုက်ခိုက်ခဲ့သည့် Special Task Agency of Burma - STA အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမ ရွာမကွေ့ရှိ မြတ်မေတ္တာမွန် ဆီဆိုင်၊ မြောက်ဒဂုံ ပင်လုံလမ်းမ ပေါ်ရှိ Denko ဆီဆိုင်နှင့် ၇၈ လမ်းဆုံ အနီး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကမ္ဘောဇဘဏ် ငွေထုတ်စက်အား မတ်လ ၂၅ ရက် ညပိုင်းနှင့် မတ်လ ၂၆ ရက်နေ့က တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ငွေကြေး ယူဆောင်မှု မရှိကြောင်း ဆိုသည်။

“ကျွန်တော် ထပ်စုံစမ်း ရသလောက်တော့ ဆီဆိုင် နှစ်ဆိုင်ကတော့ လက်ပစ်ဗုံး ဒဏ်ကြောင့် အတွင်းပိုင်းတွေ ပျက်စီး သွားတယ်လို့ သိရတယ်။ ငွေထုတ်စက် ကတော့ လုံးဝ ပျက်စီးသွားတာ ဖြစ်နိုင်တယ်။ ဘဏ်ကားလည်း ပျက်စီးသွားတယ်လို့ ကြားတယ်ဗျ” ဟု တိုက်ခိုက်မှု၏ နောက်ဆက်တွဲ အခြေအနေကို ၎င်းကရှင်းပြသည်။

တိုက်ခိုက်ခံရသည့် မြတ်မေတ္တာမွန် ဆီဆိုင်သည် မတ်လ ၂၇ ရက်နေ့တွင်ဆိုင်ရှေ့တွင် အကာအရံများ ထားရှိကာ ဆိုင်ဖွင့်လှစ်ခြင်း မရှိပေ။ Denko ဆီဆိုင်သည် မီးလောင် ပျက်စီးခဲ့သည့် ဆိုင်မျက်နှာကျက်များ ပြင်ဆင်နေပြီး ကမ္ဘောဇဘဏ် ငွေထုတ်စက်ရှေ့ တွင်မူ ကားများဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။

အကြမ်းဖက် စစ်အုပ်စုအား လေယာဉ်ဆီ တင်သွင်း ပံ့ပိုးနေသော လုပ်ငန်း သုံးခုအနက် မြတ်မေတ္တာမွန်ကုမ္ပဏီ ပါဝင်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က NUG အစိုးရက ထုတ်ပြန်ထားသည်။

သို့သော် ဖေဖော်ဝါရီ ၂၈ ရက်တွင် မြတ်မေတ္တာမွန်ကုမ္ပဏီနှင့် Danko တို့က မြန်မာနိုင်ငံ အတွင်း လေယာဉ်ဆီ တစ်ကြိမ်မှ မတင်သွင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...