ဘီးလင်းမြို့နယ် ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရ

ဘီးလင်းမြို့နယ် ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်း ဗုံးခွဲ တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ ဘီးလင်းမြို့မရဲစခန်းဟာ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ထွေအုပ်ရုံး ဝန်ထမ်း တစ်ဦး ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်း ၄ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရရှိခဲ့ပြီး အဆောက်အဦး တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့တွေ အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကိုတော့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပါတယ်။

 ဘီးလင်းမြို့နယ် ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘီးလင်းမြို့ပေါ် ရပ်ကွက်တချို့မှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...