တပ်မတော်နေ့တစ်ရက်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲ ၄ နေရာထက်မနည်းဖြစ်ပွားခဲ့

တပ်မတော်နေ့တစ်ရက်အတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲ ၄ နေရာထက်မနည်းဖြစ်ပွားခဲ့

မနေ့က (မတ်လ ၂၇ရက်)နေ့ တပ်မတော်နေ့တစ်ရက်အတွင်း  နံနက် ၅ နာရီခွဲအချိန်ကစပြီး  ပွန်ချောင်းအနီးက စစ်ကောင်စီတပ်စခန်းကို KA၊ KNDFပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိသလို ဂျက်လေယာဉ် ပျံဝဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ ဒီးမော့ဆို အနောက်ဖက် ကုန်းသာမှာလည်း ဖြစ်တယ်။ ဖရူဆိုဖက်မှာလည်း ဖြစ်တယ်။ ခြောက်မိုင်မှာလည်း ဖြစ်တယ်။ ပြောက်ကျား တိုက်ပွဲတွေပါပဲ။ နည်းနည်းကြီးတာက ပွန်ချောင်းတိုက်ပွဲရယ်။ နောက်ပြီးတော့မှ ကုန်းသာတိုက်ပွဲရယ်။ ကျန်တဲ့ တိုက်ပွဲတွေကတော့ သုံး လေးယောက် အဲ့လိုမျိုး ပျောက်ကြားလိုက်ပစ်တာပဲရှိတယ်။ “ လို့ ကရင်နီကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

၂၇ရက်နေ့မှာပဲ ဒီးမော့ဆို ကုန်းသာဖက်မှာ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေါငံခါး၊  လမ်းခွမှာလည်း နေအိမ်မီးရှို့တာတွေ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနေ့မှာပဲ ခြောက်မိုင်အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF/B-09 တို့  ထိတွေ့တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီက မနေ့က (မတ်လ ၂၇ရက်) နေ့နဲ့ ဒီကနေ့ ( မတ်လ ၂၈ ရက်နေ့) မှာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးအတိုင်း စစ်ကားအစီး ၄၀ကျော် အင်အားဖြည့်တင်းတာတွေရှိတယ်လို့ KNDF/B-09 က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

“ အဓိက ဒီ ဒီးမော့ဆိုပဲပေါ့နော။ နောက်ပြီးတော့ ဖရူဆိုမှာလည်း ဖြစ်တယ်ဆိုတော့ ဖရူဆိုဖက် သူတို့ဆင်းဖို့ ရှိလောက်တယ်ထင်တယ်။ “ လို့ KNDF/B-09က တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

ဖရူဆိုမြို့နယ် အခြေစိုက် ခမရ ၄၂၈ တပ်ရင်းကိုလည်း KNDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...