မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် မင်္ဂလာဆောင်က ပြန်လာသည့်ကား ပစ်ခတ်ခံရ၊ သေဆုံးသူရှိ

မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် မင်္ဂလာဆောင်က ပြန်လာသည့်ကား ပစ်ခတ်ခံရ၊ သေဆုံးသူရှိ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် မတ်လ ၂၈ ရက် နံနက်က မင်္ဂလာဆောင်မှ ပြန်လာသည့် အရပ်သား ကားတစ်စီး ပစ်ခတ်ခံခဲ့ရ၍ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ယာဉ်မှာ Probox အမျိုးအစား ဖြစ်ပြီး မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးပေါ်ရှိ ယာယီ ဘေလီ တံတား အနီးတွင် ပစ်ခတ်ခံခဲ့ရသည်ဟု ပုလဲဖြူ လူမှုကယ်ဆယ်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ပုလဲဖြူ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက" သေဆုံးသွားတဲ့ လူက အမျိုးသား တစ်ဦးပါ ။ သူက မော်လမြိုင်ကပါ။ မြဝတီ မင်္ဂလာဆောင်ကနေ ပြန်လာတဲ့ အချိန်မှာ ပစ်ခတ်ခံခဲ့ရတာ"ဟု ပြောသည်။

အဆိုပါ ယာဉ်ပေါ်တွင် ကားမောင်းသူ အပါအဝင် ငါးဦး စီးနင်း လိုက်ပါလာခဲ့ကာ တစ်ဦးမှာ သေနတ် ထိမှန် သေဆုံးပြီး ကျန်လေးဦးမှာ ထိခိုက်မှု မရှိကြောင်း အထက်ပါ ပရဟိတအဖွဲ့ထံမှ သိရ သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ကရင်အမျိုးသားစည်းရုံး (KNU) အမှတ် (၆) တပ်မဟာက ယင်းလမ်းပိုင်းကို ပြည်သူလူထုများ အနေဖြင့် ဖြတ်သန်း သွားလာခြင်း မပြုရန် သတိပေး စာထုတ်ပြန်ထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...