နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်း ဝင်နေရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်း ဝင်နေရ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းနှင်အတူ နေထိုင်သူ အချို့ တွင် COVID-19 ရောဂါ တွေ့ရှိခြင်းကြောင့် ကွာရန်တင်း ဝင်နေရ၍ ရုံးချိန်း မတက်ရောက်နိုင်ကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၌မူ COVID -19 ကူးစက် ခံထားရခြင်း မရှိဟု ဆိုသည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် အတူ နေထိုင်သူ ကိုးဦးရှိကြောင်း ၎င်း၏ ရှေ့နေများက မီဒီယာများကို ပြောဆိုထားဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ကြာသပတေးနေ့ ကတည်းက ရုံးချိန်း တက်ရောက်ခဲ့ခြင်း မရှိဘဲ ယခုတစ်ပတ် တနင်္လာနှင့် အင်္ဂါနေ့တွင် ပြုလုပ်မည့် ရုံးချိန်းကိုလည်း တရားရုံးက နောက်တစ်ပတ်သို့ ရွှေ့ဆိုင်း ချိန်းဆိုထားသည်။

ယနေ့ ရုံးချိန်းသို့ သမ္မတ ဦးဝင်းမြင့်က Video Conferencing မှ တစ်ဆင့် တက်ရောက်ခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ကို စွဲဆိုထားသည့် အမှုများကို အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် နေပြည်တော်ရှိ အထူးတရားရုံး ၌ လူကိုယ်တိုင် ရုံးထုတ် စစ်ဆေးနေခြင်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရပြီး အမှုပေါင်း ၁၂ မှုဖြင့် ဆက်လက် တရားရင်ဆိုင် နေရသည့် အပြင် အဂတိ တစ်မှုဖြင့်ပါ ထပ်တိုး အမှုဖွင့် ခံထားရသည်။

အဆိုပါ အမှုများထဲမှ အဂတိအမှုများ ဖြစ်သည့် ဦးဖြိုးမင်းသိန်းက ရွှေနှင့် ဒေါ်လာပေးခဲ့ရကြောင်း ထွက်ဆိုထားသည့် အမှုနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ဆက်စပ်ပြီး စွဲဆိုထားသည့် အဂတိမှု လေးမှုတို့ကို တနင်္လာနေ့တိုင်း စစ်ဆေးနေပြီး ရဟတ်ယာဉ် ကိစ္စနှင့် ပတ်သက်ပြီး စွဲဆို ခံထားရသည့် အဂတိမှု ငါးမှုကို အင်္ဂါနေ့တိုင်း စစ်ဆေးနေခြင်း ဖြစ်သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...