KNDFတပ်ရင်း တစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်း၊ တပ်ရင်း ၁၉ ရင်းရှိလာ

KNDFတပ်ရင်း တစ်ခု ထပ်မံ တိုးချဲ့ဖွဲ့စည်း၊ တပ်ရင်း ၁၉ ရင်းရှိလာ

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ကနေပြီး KNDF/ B-21  တပ်ရင်းတစ်ခုကို ယခုမတ်လ အတွင်းမှာပဲ ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့တယ်လို့ KNDF ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ကပြောပါတယ်။

 “အရင်တုန်းက တပ်ရင်း ၁၉အထိ ရှိတယ်ပေါ့နော။ အခုက ဒီထက်ပိုပြီးတော့ များလာတဲ့ဟာတွေ ဖြစ်နေတော့ ဒါက နောက်ပိုင်းမှာ ညှိရနှိုင်းရတဲ့ဟာတွေ ဆွေးနွေးမှုတွေ အဆင်ပြေတဲ့အတွက်ကြောင့်မလို့ ထပ်ပြီးတော့ ကိုယ့်ရဲ့ အင်အားတိုးချဲ့တဲ့ ပုံစံမျိုး ဖြစ်တယ်ပေါ့နော။ အဲ့တော့ တစ်ပြည်နယ်လုံးမှာ ကျနော်တို့ KNDFက ဟိုမှာလည်း ရှိတယ်။ ဒီမှာလည်း ရှိတယ် ဆိုတဲ့ဟာမျိုး ဖြစ်လာမယ်ပေါ့လေ။ အဲ့တော့ အဲ့ဒီပုံစံအတိုင်းသွားနေတာပါပဲ။ “ လို့ KNDFဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်က ပြောပါတယ်။

KNDFမှာဆိုရင် အရေအတွက် အားဖြင့် တပ်ရင်း(၁၈)ခုရှိပြီးခဲ့ပြီး ခုတိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ KNDF/ B-21 အပါအဝင်ဆိုရင်  ၁၉ ရင်းထိ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့က ထုတ်ပြန်လိုက်တဲ့  KNDFရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ တပ်ဖွဲ့အင်အားပေါင်း ၆ထောင်ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။

KNDFဟာဆိုရင် ၂၀၂၁၊ ဇွန်လ(၇)ရက်နေ့မှာ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ မူဝါဒ ရေးဆွဲအတည်ပြုနိုင်ခဲ့ပြီး ဦးဆောင်ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

KNDFဟာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ကရင်နီတပ်မတော်(KA) ရဲ့ စစ်ဦးစီးမှုအောက်မှာ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တစ်ခုဖြစ်သလို PDFပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...