BGF တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် အိမ်အနီး မိုင်းပေါက်

BGF တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် အိမ်အနီး မိုင်းပေါက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဓိဌာန်အောင်လမ်းနဲ့မီးသတ်လမ်းဆုံနားရှိ BGF တပ်နယ် ၄ တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန် အိမ်အနီးမှာ မတ်လ ၂၄ ရက်နေ့ညက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားတပ် BGF တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန် နေအိမ်အနီးမှာ အမည်မသိ လူတစ်စုက လာရောက် မိုင်းထောင်ပြီး ဖောက်ခွဲခဲ့တာပါ။

မိုင်းပေါက်ကွဲတာကြောင့် ဗိုလ်မှူးစောမုတ်သုန် ပိုင်ဆိုင်တဲ့ မုန့်ဆိုင် တံခါးမှန်နဲ့ဆိုင်အဆောက်အဦး တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။

"ညက မိုင်းပေါက်တာ တော်ကျယ်တယ်။ ဖြစ်တဲ့နေရာက ဌာနဆိုင်ရာရုံးပေါင်းစုံရှိတဲ့နေရာ။ လူကို ထိခိုက်အောင်လုပ်ချင်တာလား သတိပေးချင်တာလားတော့မသိဘူး။ မိုင်းပေါက်တာကတော့ အားပြင်းတယ်။ BGF ရဲ့ ပိုင်ဆိုင်မှုတွေ ထိခိုက်မှုရှိလာတယ်ဆိုတော့ နောက်ပိုင်း မြို့မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာမသိရသေးဘူး။ ပိုပြီးတော့ တင်းကြပ်မှုတွေ လုပ်လာနိုင်တယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အမှတ်(၄)ရပ်ကွက် အနီး ပစ်ခတ်သံတွေ ထွက်ပေါ်လာခဲ့သေးပြီး စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြဝတီမြို့ပေါ်မှာ မကြာခဏ မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် အများစုမှာ ဌာနဆိုင်ရာရုံးအနီးဝန်းကျင်တွေမှာဖြစ်ပေါ်လေ့ရှိပြီး BGF အရာရှိ နေအိမ်အနီးမှာ အခုလို မိုင်းပေါက်ကွဲမှုဖြစ်ပွားတာကတော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...