စံပြခြောက်မိုင် မှာ အသတ်ခံရတဲ့ ပြည်သူ ရုပ်အလောင်း(၃)လောင်းတွေ့ရှိခဲ့

စံပြခြောက်မိုင် မှာ အသတ်ခံရတဲ့ ပြည်သူ ရုပ်အလောင်း(၃)လောင်းတွေ့ရှိခဲ့

မတ်လ၂၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ် စံပြခြောက်မိုင် ကယောပိုင်းဖက်မှာ အသတ်ခံရတဲ့ ပြည်သူ(၃)ဦးရဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ ပြန်လည် သဂြိုလ်ပေးခဲ့တယ်လို့ KNDF B-09 တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ အသတ်ခံရတဲ့သူတွေကတော့ စံပြခြောက်မိုင် ကယောပိုင်း က ပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ ပြည်သူတွေကတော့ လွန်ခဲ့တဲ့ နှစ်လ လောက်က စစ်ရှောင်ရာကနေ ရိက္ခာပြန်လာယူရင်း ပျောက်ဆုံးနေတဲ့ ပြည်သူ ၅ဦးထဲက သုံးဦးဖြစ်တယ်လို့ ဆိုပါတယ်။

“ အဲ့ဒီပျောက်နေတဲ့ လူ ငါးယောက်က ကြာတော့ကြာပြီပေါ့နော။ ဒါပေမယ့် ဘယ်နားမှာပြန်တွေ့လဲဆိုရင် ဒီခြောက်မိုင် တစ်ဝိုက်မှာပဲ ပြန်တွေ့တယ်။ ဒါပေမယ့် အရိုးပြန်တွေ့တဲ့ဟာကတော့ ဘယ်သူဘယ်ဝါမှန်းလဲတော့ အကုန်လုံးခွဲလို့မရသေးဘူးပေါ့နော။ အဲ့လိုတော့ရှိတယ်။ “ လို့ KNDF B-09 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျန်ရှိတဲ့ ၂ဦးရဲ့ ရုပ်အလောင်းကိုတော့ ဆက်လက်ရှာဖွေ နေတယ်လို့ သိရပါတယ်။ သူတို့ ၅ ဦးကတော့ အသက်(၃၀)အောက် လူလတ်ပိုင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ၂၃၅ ဦးရှိနေပြီဖြစ်တယ်လို့ ကရင်နီလူမှု အသင်းဖွဲ့များကွန်ယက်(KCSN) က မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...