စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တာကြောင့် ၁၀ တန်း ကျောင်းသူ တစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရ

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တာကြောင့် ၁၀ တန်း ကျောင်းသူ တစ်ဦး သေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရ

မြ၀တီမြို့နယ် ထီးမူးထကျေးရွာမှာ ဒီကနေ့ မတ်လ ၂၄ မနက်ပိုင်းက စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသူ တစ်ဦး သေဆုံးပြီး သုံးဦးအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မနက် ၅ နာရီကျော်အချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ထီးမူးထနို့ဖိုးကျေးရွာထဲကို သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ပေါင်း ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးသွားခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ရွာတွေအပေါ် ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ အသက် ၁၇ နှစ်အရွယ် ကျောင်းသူဟာ ဘားအံမြို့  အခြေခံပညာအထက်တန်းကျောင်း တစ်ခု မှာ ပညာသင်ကြားနေတဲ့ ၁၀ တန်း ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာ အခုရက်ပိုင်းတွေအတွင်း ထိတွေ့ပစ်ခတ်မှုတွေရှိနေသလို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူလူထုတွေဟာ ကြောက်ရွံ့ထိတ်လန့်ပြီး တိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...