မော်လမြိုင်တွင် လျှပ်စစ်မီး လာချိန်နည်းသောကြောင့် ‌ရေလုံလောက်အောင် မပေးနိုင်

မော်လမြိုင်တွင် လျှပ်စစ်မီး လာချိန်နည်းသောကြောင့် ‌ရေလုံလောက်အောင် မပေးနိုင်

မော်လမြိုင်မြို့နယ်တွင် လျှပ်စစ်မီးလာချိန် နည်းနေသောကြောင့် မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရာတွင် ရေလုံလောက်အောင် မပေးနိုင်ဖြစ်နေကြောင်း မွန်ပြည်နယ်စည်ပင်သာယာ‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။

မီးပျက်ချိန်တွင် ရေစက်မောင်းနိုင်ရန်အတွက် အရေးပေါ် မီးစက် ဝယ်ယူဖို့အတွက် အမြန်ဆုံး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

ဦးတင်ကိုကိုက "အခုလောလောဆယ်တော့ မီးက ပေးချိန် တစ်အားနည်းတော့ မီးရချိန် တအားနည်းတော့ စက်မောင်းချိန်လည်း နည်းသွားတယ်။ ရေစက်မောင်းတဲ့အချိန် နည်းတော့ ရေပေးတဲ့ ပမာဏက နည်းသွားတယ်။ ကျွန်တော်တို့ အရေးပေါ်မီးစက်တော့ ဝယ်ဖို့ စီစဉ်နေပြီ"ဟု ပြောသည်။

မော်လမြိုင်မြို့ပေါ် ရပ်ကွက်များကို အတ္တရံ မြစ်ရေတင် ရေသန့်စီမံကိန်းမှ ရေကို အဓိက ပေးဝေနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ရေသုံးဆင့်တင်ရသည့် အခြေအနေဖြစ်သောကြောင့် လျှပ်စစ်မီး ပုံမှန်မလာသောကြောင့် ရေစက်မောင်းရာတွင် အခက်အခဲဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။

ယင်းအတွက်ကြောင့် ရေစက်မောင်းရာတွင် အဆင်ပြေစေရန်နှင့် ရေလုံလုံလောက်လောက် ပေးဝေနိုင်ရန်အတွက် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးနှင့် ညှိနှိုင်းထားကြောင်း သိရသည်။

စီးပွားရေး အခက်အခဲဖြစ်နေသည့်အချိန်တွင် ‌သောက်သုံးရေပါ ဝယ်ယူသုံးစွဲနေရသည့်အတွက် အပိုဝင်ငွေထွက်နေကြောင်း စည်ပင်ရေသုံးစွဲနေသူ တစ်ဦးက ပြောသည်။

"စည်ပင်ရေက လာတယ်။ ရေတော့ နည်းတာပေါ့။ အရင်ကဆို ရေနည်းလည်း စောင့်ပြီး ခပ်တယ်။ အခုက မလာဘူး။ အဲတေယ့ ဝယ်သုံးရတယ်။ ရေကားက တစ်ကားကို ခရီးအကွာအဝေးပေါ်မူတည်ပြီး တစ်ကားကို ၈၀၀၀ ကနေ ၅၀၀၀ထိ တောင်းတယ်။ ဆီ‌ဈေးတက်တာလည်းပါတယ်။ အပိုကုန်နေတာပေါ့"ဟု ၎င်းက ပြောသည်။

ယခင်နှစ်များတွင် တစ်ရက်ကို ၁၈ ကြိမ် ရေမောင်းရသော်လည်း ယခု နှစ်တွင် မီးပျက်ချိန်များသောကြောင့် တစ်ရက်ကို ၆ နာရီသာ ရေမောင်းနေရကြောင်း သိရသည်။

မော်လမြိုင်အတွင်း မြို့ပေါ်ရပ်ကွက်များကို အတ္တရံမြစ်ရေတင် ရေသန့်စီမံကိန်းမှ အဓိက ရေပေးဝေနေပြီး ရွှေနတ်တောင်ဆည်နှင့် ကင်းမွန်ချုံဆည်မှလည်း ရေပေးဝေနေကြောင်း သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...