အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် ကန့်ကွက်ခံရ

အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ခရီးစဉ် ကန့်ကွက်ခံရ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆော့ခွန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်း စစ်အာဏာရှင်ကို ဆန်ကျင်နေတဲ့ သပိတ်အင်အားစုအဖွဲ့ ၃၆ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအပါအဝင် အာဆီယံအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေအပေါ် ချက်ချင်းရပ်တန့် ရေးအတွက် တိုက်တွန်းတောင်းဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။

ဒါကြောင့် အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ အသံကို တန်ဖိုးမထား အသိအမှတ်မပြုရာရောက်တဲ့အတွက်ကြောင့် ကန့််ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားတာပါ။

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန် ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေ အပါအဝင် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...