အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)မှ ပြင်ပ သင်တန်းသားများခေါ်ယူ

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)မှ ပြင်ပ သင်တန်းသားများခေါ်ယူ
by -
ကျော်ဝင်း/နိရဥ္စရာ
ဇူလိုင် ၁၉ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)မှ ကျွမ်းကျင်မှုအခြေပြုကာလတို အထူးသင်တန်းအတွက် ပြင်ပသင်တန်းသားများ ခေါ်ယူနေကြောင်း သတင်းရရှိသည်။ သင်တန်းများမှာ အခြေခံပြည်သူများအတွက် အုတ်စီကျွမ်းကျင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းတို့ ဖြစ်ကြသည်။ အုတ်စီကျွမ်းကျင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းတွင် ရေးတတ်/ဖတ်တတ်သူများ လျှောက်ထားနိုင်ပြီး အခြေခံကွန်ပျူတာသင်တန်း အတွက် အခြေခံပညာအထက်တန်း အဆင့်ရှိရမည်ဟု သတ်မှတ်ထားသည်။ သင်တန်းများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ကာစက်တင်ဘာလ ၁ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဟု သိရသည်။ သင်တန်းတက်ရောက်လိုသူများသည် အသက်(၁၈)နှစ်ပြည့်ပြီး အသက်(၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာမူရင်း တစ်စောင်၊ နိုင်ငံသား စိစစ်ရေးကဒ် မိတ္တူ တစ်စောင်၊ လိုင်စင်ဓာတ်ပုံ သုံးပုံနှင့် သင်တန်း ပြီးဆုံးအောင် တက်ရောက်ပါမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးထံတွင် ကတိပြုထားသည့် ထောက်ခံချက်များ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ အုတ်စီကျွမ်းကျင်သင်တန်းအတွက် (၁၅)ဦး၊ အခြေခံကွန်ပျူတာသင်တန်းအတွက် (၂၀)ဦးနှင့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းအတွက်(၁၅)ဦး လက်ခံရန် သတ်မှတ်ထားသည်။ လျှောက်လွှာများကို ဇူလိုင်(၂၀ မှ ၂၇)ရက် အတွင်း နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ရုံးခန်းတွင် အခမဲ့ ရယူ လျှောက်ထားနိုင်ကြောင်း သိရသည်။
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...