သထုံမှာ ငွေကြေး အတင်းအဓမ္မ လိုက်လံ‌ကောက်ခံနေတဲ့ အရန်မီးသတ်ဝင် ၄ ဦး ပစ်သတ်ခံရ

သထုံမှာ ငွေကြေး အတင်းအဓမ္မ လိုက်လံ‌ကောက်ခံနေတဲ့ အရန်မီးသတ်ဝင် ၄ ဦး ပစ်သတ်ခံရ

သထုံမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ မရမ်းရွာအနီးမှာ မတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ပြည်သူအ‌ပေါ် ငွေကြေးအတင်း အဓမ္မ လိုက်လံကောက်ခံနေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့ပေါ်ကနေ မရမ်းရွာဘက်ကို ဘေးတွဲဆိုင်ကယ်နဲ့‌ ငွေကြေး အတင်းဓမ္မ လိုက်လံကောက်‌ခံဖို့လာတဲ့ သထုံမြို့ အရန်မီးသတ်တပ်ဖွဲ့က အရန်မီးသတ်တပ်စုမှူး အပါအဝင် ၄ ဦး ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

"သိရတာကတော့ အရန်မီးသတ်တပ်ဖွဲ့တွေလို့ သိရတယ်။ မြို့ပေါ်ကနေ ရွာဘက်က ဆင်းပြီး လာလုပ်စားနေတယ်တဲ့။ မီးသတိပေး အကြောင်းပြပြီး ငွေကောက်ခံနေတာ သုံးလေးကြိမ်လောက်ရှိပြီလို့ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းခံရတယ်လို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ညနေစောင်းလောက်မှာ  ပရဟိတအဖွဲ့တွေက ပြန်ကောက်သွားတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်သတ်ခံရသူတွေဟာ သထုံမြို့ပေါ်နေ အရန်မီးသတ်အဖွဲ့က တပ်စုမှူးမျိုးအောင်အပါအဝင် ၄ ဦးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအရန်မီးသတ်တပ်ဖွဲ့ ၄ ဦးဟာ ကျေးရွာတွေမှာ အတင်းအဓမ္မငွေတွေ လိုက်လံကောက်တာတွေပြုလုပ်လာတဲ့အတွက် မိမိတို့နဲ့မဟာမိတ် အဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်နေသေးတဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း သတိပေးချက် မလိုက်နာရင် ဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ သထုံ PDF က ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...