သထုံမှာ ငွေကြေး အတင်းအဓမ္မ လိုက်လံ‌ကောက်ခံနေတဲ့ အရန်မီးသတ်ဝင် ၄ ဦး ပစ်သတ်ခံရ

သထုံမှာ ငွေကြေး အတင်းအဓမ္မ လိုက်လံ‌ကောက်ခံနေတဲ့ အရန်မီးသတ်ဝင် ၄ ဦး ပစ်သတ်ခံရ

သထုံမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ မရမ်းရွာအနီးမှာ မတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ပြည်သူအ‌ပေါ် ငွေကြေးအတင်း အဓမ္မ လိုက်လံကောက်ခံနေတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့ပေါ်ကနေ မရမ်းရွာဘက်ကို ဘေးတွဲဆိုင်ကယ်နဲ့‌ ငွေကြေး အတင်းဓမ္မ လိုက်လံကောက်‌ခံဖို့လာတဲ့ သထုံမြို့ အရန်မီးသတ်တပ်ဖွဲ့က အရန်မီးသတ်တပ်စုမှူး အပါအဝင် ၄ ဦး ဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

"သိရတာကတော့ အရန်မီးသတ်တပ်ဖွဲ့တွေလို့ သိရတယ်။ မြို့ပေါ်ကနေ ရွာဘက်က ဆင်းပြီး လာလုပ်စားနေတယ်တဲ့။ မီးသတိပေး အကြောင်းပြပြီး ငွေကောက်ခံနေတာ သုံးလေးကြိမ်လောက်ရှိပြီလို့ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှင်းခံရတယ်လို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ညနေစောင်းလောက်မှာ  ပရဟိတအဖွဲ့တွေက ပြန်ကောက်သွားတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်သတ်ခံရသူတွေဟာ သထုံမြို့ပေါ်နေ အရန်မီးသတ်အဖွဲ့က တပ်စုမှူးမျိုးအောင်အပါအဝင် ၄ ဦးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအရန်မီးသတ်တပ်ဖွဲ့ ၄ ဦးဟာ ကျေးရွာတွေမှာ အတင်းအဓမ္မငွေတွေ လိုက်လံကောက်တာတွေပြုလုပ်လာတဲ့အတွက် မိမိတို့နဲ့မဟာမိတ် အဖွဲ့တို့က ပူးပေါင်းပြီး ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်နေသေးတဲ့ ဌာနဆိုင်ရာတွေအနေနဲ့လည်း သတိပေးချက် မလိုက်နာရင် ဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ သထုံ PDF က ထုတ်ပြန်ထားပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...