နှစ် (၇၀) ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား စစ်တွေတွင်ပြုလုပ်

နှစ် (၇၀) ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
ဇူလိူင် ၁၉ နှစ်(၇၀) ပြည့် အာဇာနည်နေ့အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ၀န်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ စစ်တွေမြို့မှ ရပ်မိရပ်ဖများ၊ ကျောင်းသား ကျောင်းသူများ ၆၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုမှ အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာစစ်တွေညိုသန့်မှ အာဇာနည်နေ့အကြောင်းဟောပြောသွားမည်ဟု သိရသည်။ အာဇာနည်နေ့ အတွက်ပြိုင်ပွဲဝင်ခဲ့ကြသည့် ပုံပြင်၊ ကဗျာ၊ သီချင်း၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရသူကျောင်းသူ ကျောင်းများအား ဆုချီးမြှင့်သည်ဟု သိရသည်။ ၁၉၄၇ ခုနှစ် ဇူလိူင်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲပြီးချိန်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးတို့သည် မသမာသူ လူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ၂၀၁၇ ခုနှစ် ဇူလိူင်လ ၁၉ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးကျဆုံးခဲ့သည်မှာ နှစ် (၇၀) ပြည့် မြောက်နေ့ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက “ မိမိတို့ ယုံကြည်သောဝါဒအတွက် အသက်ကိုပင် စွန့်သွားခဲ့ကြသော အာဇာနည်များအား မိမိသည် ချီးကျူးကြောင်း၊ ထိုစိတ်မျိုးကို ကျန်ခဲ့သူများက ထပ်တလဲလဲ မွေးမြူအပ်ကြောင်း၊ အမျိုးဘာသာနှင့် နိုင်ငံအတွက် အသက်စွန့်ရန် ကြောက်နေသော နိုင်ငံတိုင်းမှာ မကြီးပွားနိုင်ကြောင်း” ပြောကြားခဲ့ သည်ဟု ယနေ့ထုတ်ကြေးမုံသတင်းစာတွင် အာဇာနည် စိတ်မျိုးမွေးမြူ ခေါင်းစည်းဖြင့် ဗိုလ်ချုပ်၏ မိန်းခွန်း ကောက်နုတ်ချက်ကို ဖော်ပြထားသည်။
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...