ကရင်နီပြည်မှာ မတ်လ နှစ်ပတ်အတွင်း အရပ်သား သေဆုံးသူ ၁၂ ဦးအထိရှိ

ကရင်နီပြည်မှာ မတ်လ နှစ်ပတ်အတွင်း အရပ်သား သေဆုံးသူ ၁၂ ဦးအထိရှိ
မတ်လ ၈ရက်နေ့ လွယ်ထွဲကျေးရွာတွင် ရေဆော့ကစားနေတဲ့ ကလေးသုံးဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့စဉ်
မတ်လ ၈ရက်နေ့ လွယ်ထွဲကျေးရွာတွင် ရေဆော့ကစားနေတဲ့ ကလေးသုံးဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့စဉ်

ကရင်နီပြည်မှာ မတ်လပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း အရပ်သားသေဆုံးသူ ၁၂ဦးအထိရှိနေတယ်လို့ ကရင်နီပြည် လူမှုအသင်းအဖွဲ့များ ကွန်ယက် ( KCSN ) ဒုတိယတာဝန်ခံ ရူဘီက ပြောပါတယ်။

“ ဟုတ်ကဲ့။ သတ်ဖြတ်ခံရတာတော့ လက်နက်ကြီးကြောင့်ရှိတယ်။ တိုက်ပွဲကြားမှာ စစ်ကောင်စီက ပစ်တဲ့ ကျည်ဆံတွေကြောင့် ခပ်များများ လက်နက်ကြီးထိလို့ ဆုံးသွားတယ်လို့ ယေဘုယျပြောလို့ ရတယ်ဗျ။ “ လို့ ( KCSN ) ဒုတိယတာဝန်ခံ ရူဘီက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား သတ်ဖြတ်ခံရမှု ၂၃၅ဦး အထိရှိနေတယ်လို့ KCSN မတ်လ ၁၆ရက်နေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ပုံစံမျိုး တွေ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ ဒီလူ့အခွင့်အရေးချိုးဖောက်မှုကတော့ နေ့စဉ်နဲ့အမျှတွေ့ရတယ်ပေါ့နော။ အဲ့တော့ ပုံစံနှစ်ခုနဲ့ စစ်ကောင်စီက လုပ်တယ်လို့တော့ ကျနော်မြင်တယ်ပေါ့နော။ တစ်ခုကတော့ လူထုတွေကို သက်သက်မဲ့မဲ့ လုပ်သွားတာတွေ့ရတယ်။ အဲ့တာကတော့ ဘယ်လိုမှ လက်ခံလို့ရတဲ့ အခြေအနေမှာ မရှိဘူးပေါ့နော။ အထူးသဖြင့် လေယာဉ်ဗုံးကျဲတာတွေ လူထုတွေနေတဲ့ ရပ်ရွာထဲကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးတာတွေ ကျနော်တို့ လုံးဝရှုတ်ချတယ်ပေါ့နော။ “ ဦးဗညားက ပြောပါတယ်။

မတ်လ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာလည်း ဖယ်ခုံမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က လူဦးရေ နှစ်သောင်း စစ်ရှောင်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်လူဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...