မိုဆိုဖြစ်စဉ်ကိစ္စ စစ်ကောင်စီကို ဩစတေးလျနိုင်ငံမှာ တရားစွဲမယ်လို့ NUG ဆို

မိုဆိုဖြစ်စဉ်ကိစ္စ စစ်ကောင်စီကို ဩစတေးလျနိုင်ငံမှာ တရားစွဲမယ်လို့ NUG ဆို

ကရင်နီပြည် ဖရူဆိုမြို့ နယ် မိုဆိုကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဩစတေးလျနိုင်ငံမှာ တရားစွဲဆိုသွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG ) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“စစ်ကောင်စီ၏ ဆိုးဝါးလှသော ရာဇဝတ်မှု ကျူးလွန်မှုအကြောင်း အစီရင်ခံစာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းစာ ရှင်းလင်းပွဲကို မတ်လ ၁၆ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့ပြီး ဦးအောင်မျိုးမင်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ ဩစတေးလျနိုင်ငံမှာ ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ခရစ္စမတ်အကြိုည လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ တရားရုံးမှာ စစ်ကောင်စီကို ဒီအမှုအလိုက် တရားစွဲနိုင်ဖို့ ကျနော်တို့ ပြင်ဆင်နေပါပြီ။ လိုအပ်တဲ့ ဥပဒေပညာရှင်တွေ ဩစတေးလျမှာ ဒါကို ကိုယ်စား တရားစွဲဆိုပြီး အမှုဖွင့်နိုင်တဲ့ သူတွေ ပြင်ဆင်နေပါပြီ။ အချက်အလက်တွေ စုဆောင်းနေပါပြီ။” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါ့အပြင် ဂျာမနီနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့မှာ လည်းတရားစွဲဆိုနိုင်ဖို့ ဥပဒေပညာရှင်တွေ၊ ဥပဒေအဖွဲ့တွေနဲ့ ထပ်မံကြိုးစားသွားမယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း မိုဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့(IIMM)ထံ သက်သေအထောက်အထားနှင့် တကွ ပေးပို့သွားမယ်လို့ NUG က ပြောကြားခဲ့ပါတယ်။

မိုဆိုဖြစ်စဉ်ကို အဓိကစုံစမ်းနေတဲ့ ကရင်နီပြည်ရဲဌာန ( KSP ) က စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို သက်သေတွေ စုဆောင်းနေပြီး နိုင်ငံတကာခုံရုံး ( ICC )မှာ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ခရစ်စမတ်အကြိုနေ့မှာ ဖရူဆိုမြိုနယ် မိုဆိုကျေးရွာအနီး သွားလာနေတဲ့ အရပ်သား ပြည်သူ အရပ်သား ၄၂ ဦးကို ဖမ်းဆီး မီးရှို့သတ်ခံရတာဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်ပါဝင်နေသလို Save the children က ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ KSP ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

ဒီဖြစ်စဉ်ကို ကျူးလွန်သူတွေဟာ စစ်ကောင်စီလက်အောက်ခံ တပ်မ ( ၆၆ ) နဲ့ အခြားတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေနဲ့ ကရင်နီဒေသတွင်း လူမှုအသင်းအဖွဲ့တွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF တွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး ယာဉ်များ မီးလောင်ခဲ့ပြီး အသက် ၂၀ အထက် PDF ၂၅ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနကို ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီဖြေရှင်းချက်နဲ့ မြေပြင်တွေ့ရှိချက်ဟာ သိသိသာသာကွဲလွဲနေပေမယ့် မိုဆိုဖြစ်စဉ် ၂လကျော်ကြာတဲ့အထိ ကျူးလွန်သူတွေကို ထိရောက်တဲ့ တရားစွဲဆိုမှုတွေ ပြုလုပ်နိုင်တာ မတွေ့ရသေးပါဘူး။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို သတ်ဖြတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာပြုလုပ်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ အရပ်သားသတ်ဖြတ်ခံရသူ ၂၃၅ဦးရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...