ငွေစက္ကူအတု ပြဿနာ မဖြေရှင်းနိုင်ရင် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေ

ငွေစက္ကူအတု ပြဿနာ မဖြေရှင်းနိုင်ရင် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေ

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူအတု ပြဿနာကို မဖြေရှင်းနိုင်ရင် မြန်မာငွေကြေးတန်းဖို ဆက်တိုက် ကျဆင်းလာနိုင်ပြီး ဘက်ပေါင်းစုံမှာ အကျပ်အတည်းနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မတ်လ ပထမအပတ်ကနေစပြီး လူမှုကွန်ရက်ဖော့စ်ဘုတ် စာမျက်နှာမှာ ငွေစက္ကူအတု ရောင်းတဲ့ Page ၇၀ ကျော်လောက် ပေါ်ထွက်လာခဲ့ပြီး အဲဒီ Page တွေဟာ ပြီးခဲ့တဲ့ တစ်လ ၊နှစ်လအတွင်းက ဖွင့်ထားတဲ့ Page တွေ ဖြစ်နေတာပါ။

ငွေစက္ကူအတုတွေကို အရောင်းအဝယ်ပြုလုပ်မှာတော့ ငွေကျပ် တစ်သိန်းကို ငွေစက္ကူအတု ၁၀ သိန်းနဲ့ ရောင်းဝယ်နေတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေဟာ ကုန်ပစ္စည်းတွေကို အရောင်းအဝယ်ပြုလုပ်ရာမှာ တစ်သောင်းတန်၊ငါးထောင်တန် စတဲ့ငွေစက္ကူ အတုတွေကို လက်ခံရရှိနေတယ်ဆိုတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေကလည်း လူမှုကွန်ယက်ပေါ်မှာ ပျံံ့နှံ့နေပါတယ်။

အခုလို ငွေစက္ကူအတုတွေ ဈေးကွက်မှာ ပျံ့နှံနေပြီး ဗဟိုဘဏ်က မထိန်းချုပ်နိုင်ရင် ထိခိုက်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင် တစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

“အဲဒီငွေကြေး(အတု) စီးဆင်းမှုက ထိန်းချုပ်ဖို့ မလွယ်ဘူး။ဘာလို့လဲဆိုတော့ ဗဟိုဘဏ်တစ်ခုတည်းအ‌နေနဲ့ လုပ်လို့ရတဲ့ကိစ္စမျိုးမှ မဟုတ်တာ။ဒါတွေက နိုင်ငံရေးအခြေအနေပေါ် မူတည်တာကိုး။မထိန်းချုပ်နိုင်ဘူးဆိုရင် ငွေတန်ဖိုးကျတာ ဖြစ်လာလိမ့်မယ်။ဒီထက်ပိုပြီး ဆိုးလာဖို့ ရှိတယ်။ငွေတန်ဖိုးကျမယ်ဆိုရင် ကုန်ဈေးနှုန်းတွေ တက်တာပေါ့။ပြည်သူလူထု စားဝတ်နေရေး ပိုပြီးကျပ်တည်းသွားမယ်။ဆိုတော့ ဘက်ပေါင်းစုံ အကျပ်တည်းဖြစ်လာနိုင်စရာ အကြောင်းရှိတာပေါ့”လို့ သူက ဆိုပါတယ်။

ငွေစက္ကူအတုတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံနယ်စပ်တွေကနေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ငွေစက္ကူအတု ပျံ့နှံ့နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ညွှန်ကြားရေးမှူးကို သံလွင်တိုင်းမ်က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အင်တာဗျူး လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဘဏ်စနစ်နဲ့ ငွေကြေးလည်ပတ်မှုတွေ ယိမ်းယိုင် ပြိုလဲလာသလို ပြည်သူတွေကလည်း ဘဏ်တွေအပေါ် ယုံကြည်မှု သိသိသာသာ ကျဆင်းလာပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...