ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦးသေဆုံး

ထားဝယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်း ထိုင်းနိုင်ငံနယ်စပ်အနီး ဝါးတောနဲ့ဆင်ဖြူတိုင်ရွာကြားမှာ မတ်လ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ စစ်ကောင်စီလက်အောက်ခံတပ် ၂၆၇ နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ ကော်လာဖိုးတပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဒဏ်ရာရရှိခဲ့သလို လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီထံက RPG ၁ လက်၊ ၆၀ မမ ၂ လက်၊ MA 2 ၄ လက်နဲ့စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဒေသခံ အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ တချို့ ရှိတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကြောင်း လှုပ်ရှားနေပြီး ခရီးသွားပြည်သူတွေကိုလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...