ကရင်နီ စစ်ရှောင်တွေ စားနပ်ရိက္ခာတွေကို မျှဝေစားသောက်နေရ

ကရင်နီ စစ်ရှောင်တွေ စားနပ်ရိက္ခာတွေကို မျှဝေစားသောက်နေရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တွေဟာ အစားရေစာ တွေကို အချင်းချင်းမျှဝေစားသောက်နေရတယ်လို့ ဆိုပါတယ်။

“ဝင်ငွေရတဲ့ အလုပ်အကိုင်တွေ ကျမတို့ မလုပ်တတ်တော့ ကျမတို့ ရနိုင်တဲ့ ဆန်တွေ ပြန်လို့ရရင် ပြန်ယူစားတယ်။ ပြန်လို့ မရရင် ကျမတို့ မျှပြီး စားကြတယ်။ ပိုက်ဆံနည်းနည်းရှိရင်တော့ ဝယ်စားတယ်။ လိုက်ရောင်းတဲ့ သူတွေဆီက အဲ့လိုမျိုးပေါ့။ “ လို့ ဒီးမော့ဆို စစ်ရှောင်စခန်းတခုက ဒေါ် အိစ္စဘဲလ်လာက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရင်းကနေ အိမ်ပြန်ပြီး ရိက္ခာပြန်ယူတဲ့ ချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ တိုးပြီး အသတ်ခံရတဲ့သူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

လက်ရှိမှာ အလှူရှင်တွေက လာရောက်ဝေငှတဲ့ ရိက္ခာတွေကို အားထားနေရပြီး တချို့တွေကတော့ အိမ်ပြန်ယူလို့ရတဲ့သူတွေ ပြန်ယူနေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက “အခုက ကျနော်တို့ပြည်နယ်မှာဆိုရင် တော်တော်များများကို ဟိုနားတစ်စု ဒီနားတစ်စုတော်တော်ပြန့်ကျဲတော့ လမ်းပန်းဆက်သွယ်ရေးကလည်းသိပ်မကောင်း နောက် တစ်ချို့နေရာတွေလည်း ကျနော်တို့ကလည်းမသိ အဲဒီဟာကလေ ဆက်သွယ်ရေးအတွက် သယ်ယူပို့ဆောင်ရေးအတွက် အခက်ခဲဖြစ်တယ်။ နောက် ဓတ်ဆီကလည်း ဈေးတအားကြီးတယ်ပေါ့နော ခုဈေးတော်တော် ထောင်တက်သွားပြီပေါ့။ ပုံးဝါတစ်ပုံးကို ၅သောင်းဖြစ်သွားပြီလေနော။ အဲ့ဒါကြောင့်မလို့ ဒီဇယ်တွေ ဓတ်ဆီဈေးကလည်းတက် ရန်ပုံငွေကလည်းရှားလာ လူထုတွေကလည်းပြန့်ကျဲဆိုတော့ ကျနော်တို့စားနပ်ရိက္ခာတွေကော ဆေးဝါးကုသမှုအပါ အဲ့ဒီဟာက ရေရှည်အတွက်ဆိုရင် အန္တာရာယ်တအားရှိတယ်လို့ ကျနော်တို့သုံးသပ်ထားတာရှိပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက နယ်မြေစိုးမိုးမှုတွေပြုလုပ်လာနေပါတယ်။ စစ်ရှောင်တွေဟာလည်း ထပ်ဆင့် စစ်ဘေးရှောင်နေရပြီး ရေရှားပါးမှုဒဏ်ကိုလည်း ကြုံတွေ့လာနေရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...