မီဇိုရမ်တွင် ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော် ပြုလုပ်မည်

မီဇိုရမ်တွင် ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော် ပြုလုပ်မည်

မီဇိုရမ်ပြည်နယ်ရောက် Youth For Myanmar အဖွဲ့ကဦးဆောင်ပြီး မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့နိုင်ရ န်အတွက်ဒုတိယအကြိမ် ရံပုံငွေစျေးရောင်းပွဲတော်ကို မတ်လ ၁၈-၁၉ ရက်နေ့၌ အိုင်ဇောလ်မြို့ Millennium Center ကုန်တိုက်ရှေ့တွင် နှစ်ရက်တာ ပြုလုပ်သွားမည်ဟု သိရသည်။

ယင်းရံပုံငွေစျေးရောင်းပွဲတော်တွင် နာမည်ကြီးချင်းအဆိုတော်များဖြစ်သည့် Guys from Chin အဖွဲ့မှ P. Thawng Bawi, David Lai, Benjamin Sum နှင့် ထွဏ်းခမ် အပြင် အခြားသောလူငယ်အဆိုရှင်များကလည်း ဖျော်ဖြေကြမည်ဟု YFM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မြန်မာအစားအစာများ ရောင်းတဲ့အပြင် Charity Concert လည်းလုပ်မယ်။ Guys from Chin အဖွဲ့ကိုလည်း ဖိတ်ထား တယ်။ နောက်ပြီး ချင်းအဆိုတော် ထွဏ်းခမ်ကိုလည်း ဖိတ်ထားတယ်။ လူငယ်အဆိုရှင်များကလည်း ပါဝင်အားဖြည့် သီဆိုပေးကြမယ်။ အဓိကတော့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ ဒုက္ခအမျိုးမျိုးရင်ဆို င်နေကြတယ်၊ ဒီပွဲ ကရလာတဲ့ ရံပုံငွေနဲ့ သူတို့တွေကို လိုအပ်သလို ကူညီထောက်ပံ့သွားဖို့ရည်ရွယ်ပြီး လုပ်တဲ့ပွဲဖြစ်တယ်။” ဟု ပြောသည်။

Youth For Myanmar အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း (၂) ခြောက်လုံးတော်လှန်ရေး အထိမ်းအမှတ်နေ့က ပထမအကြိမ် စျေးရောင်းပွဲတော်ပြုလုပ်ခဲ့ကြပြီး ရရှိလာသော ရံပုံငွေများကို မီဇိုရမ်ပြည်နယ်ရှိ အကူအညီလိုအပ်နေသော စစ်ဘေးရှောင်စခန်းများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင် ၂ ခြောက်လုံးတော်လှန်ရေးနေ့မှာ ပထမအကြိမ်လုပ်တဲ့ ရုံပုံငွေစျေးရောင်းပွဲတော်မှာ ရတဲ့ရံပုံငွေကို လောင်တလိုင်မြို့နယ်မှာရှိတဲ့ အကူညီအရေးပေါ်လိုအပ်နေတဲ့ စစ်ဘေးရှောင် (၂) ခုကို ကူညီခဲ့တယ်။ နောက်ပြီး စားနပ်ရိက္ခာနဲ့ မိုးကာများလိုအပ်နေတဲ့ Sairang, Sihhmui ရွာက စစ်ဘေးရှောင်များကိုလည်း ထပ်ပြီးတော့ကူညီသွားဖို့ ရှိတယ်။” ဟု ၎င်းကပြောသည်။

၂၀၂၂ ခုနှစ် မတ်လ ၁၈-၁၉ ရက်နေ့တွင် ပြုလုပ်မည့် ရံပုံငွေစျေးရောင်းပွဲတော်တွင် မြန်မာအစားအစာများဖြစ်သော ရှမ်းခေါက်ဆွဲ၊ မုန့်လက်ကောက်၊ ဝက်သားဒုတ်ထိုး၊ မာလာရှမ်းကော၊ မတူပီချင်းရိုးရာထမင်း၊ ဆာဗူသီး၊ သဘောင်္သီးထောင်း၊ ထိုးမုန့်၊ ကြက်ကြော်၊ ပင်လယ်စာအသုပ်၊ ကြာဇံဟင်းခါး၊ အကြော်စုံ၊ ကြက်သားဒံပေါက်၊ ပဲကောက်ညှင်းကြော်၊ သာကူကျောက်ကျော၊ ရွှေကြည်ဆနွမ်းမကင်း၊ ပဲဒံပေါက်၊ လက်ဖက်သုပ်၊ ငပိကြော်၊ ပုဇွန်ကြော်၊ အုန်းပေါင်း၊ လမုန့်၊ ကြာဇံကြော်၊ အကင်စုံ၊ မုန့်လုံးရေပေါ်၊ မုန့်ဟင်းခါး၊ ကြက်ပဲရည်သုပ်၊ ကြည်ဥပေါင်း၊ မုန့်ညှင်းချဉ်၊ ကြက်ဆီထမင်း နှင့် ကုန်ခြောက်မျိုးစုံကို ရောင်းချသွားမည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...