မောင်တောတွင် နယ်ခြားစောင့်က ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး

မောင်တောတွင် နယ်ခြားစောင့်က ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး

မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယမန်နေ့(မတ်လ ၁၃ ရက်) ညနေ ၆ နာရီအချိန်ခန့်က အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရကာသေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းကပြောသည်။

သေဆုံးသူမှာ အသက် ၃၈ နှစ်အရွယ် ဦးကျော်မောင်သာဆိုသူဖြစ်ပြီး ကျေးရွာအနီးရှိ ငါးမွေးတာမှ ငါးရှာ၍ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ထိုသို့ပစ်ခတ်ခံရချိန်တွင် နယ်ခြားစောင့်တာဝန်ရှိသူများက ဒေသခံများကိုဆက်သွယ်ကာ အကျိုးအကြောင်းကိုပြောပြီး မောင်တောဆေးရုံသို့ပို့ဆောင်ရာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ၄င်းကဆက်လက်ပြောသည်။

“သေနတ်သံ ၄ ချက်ပစ်တာ ကြားလိုက်ရပါတယ်။ သေနတ်ပစ်တဲ့နေရာကနေ သူ့ကိုထမ်းပြီး ရဲကင်းစခန်းကိုယူလာတယ်။ ကင်းစခန်းကနေတစ်ဆင့် ရွာက ၂ ယောက် ၃ ယောက်ကိုခေါ်ပြီးရင် ကားတစ်စီးလောက်စီစဉ်ပေး၊ ဒီမှာလူတစ်ယောက် ဒဏ်ရာရတယ်လို့ပြောတယ်။ ငါတို့မှားပြီ ဒီလိုဖြစ်သွားတယ်လို့ပြောတယ်”ဟု ဦးမောင်သာထွန်းမှ DMG သို့ပြောသည်၊

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောင်တောမြို့မရဲစခန်းမှ ဒုရဲမှူးမြင့်ကျော်ဦးကိုဆက်သွယ်ရာတွင် “အဲဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့အပိုင်၊ ကျနော်တို့နဲ့မဆိုင်ဘူး၊ တပ်ဖွဲ့ချင်းမတူဘူး”ဟု ပြောသည်။

သေဆုံးသူမှာ လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး မိသားစုဝင်လေးဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။ မီးတိုက်ကျေးရွာတွင် ဒိုင်းနက်နှင့် မရမာကြီးလူမျိုးစုနေထိုင်ပြီး အိမ်ခြေ ၁၅၀ ကျော်ရှိကြောင်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...