မြန်မာအရေးကူညီဖို့ အမေရိကန်က ဒေါ်လာ ၁၃၆ သန်းကျော်ပံ့ပိုးမည်

မြန်မာအရေးကူညီဖို့ အမေရိကန်က ဒေါ်လာ ၁၃၆ သန်းကျော်ပံ့ပိုးမည်

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ပံ့ပိုးကူညီနိုင်ဖို့ဆိုတဲ့ အခန်းကဏ္ဍပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘက်ဂျက်ကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုလုပ်ပါတယ်။

ဒီဘက်ဂျက်ထဲမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကို ပံ့ပိုးဖို့ဆိုပြိး အမေရိကန်ဒေါ်လာ ၁၃၆ သန်းကျော် ထည့်သွင်းထားတာဖြစ်ပါတယ်။

အဓိက ထောက်ပံ့မှုရမယ့်အကြောင်းအရာတွေကတော့ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးစုများ၊ မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုအကြား အပြန်အလှန်နားလည်မှုများ၊ ညီညွတ်မှုများ တည်ဆောက်ဖို့၊ လိင်ပိုင်းဆိုင်ရာနှင့် လိင်အကြမ်းဖက်မှုများကို တားဆီးတိုက်ဖျက်ဆောင်ရွက်ဖို့လုပ်ငန်းတွေ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနယ်စပ်ဒေသတွေက ရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီထောက်ပံ့ပို့နဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးခြင်း၊ အထောက်အထားရှာဖွေခြင်းလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်လည်း ပံ့ပိုးမှာဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးအတွက် အဓိကကျတဲ့ ပံံ့ပိုးမှုတခုဖြစ်တဲ့ NUCC, NUG, CRPH, CDM နဲ့ EAO တွေရဲ့ နိုင်ငံရေးဆိုင်ရာ စီမံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍတွေကို တိုက်ရိုက်ထောက်ပံ့မှာလည်းဖြစ်ပါတယ်။

ဒီပံ့ပိုးမှုမှာတော့ စစ်ရေးဆိုင်ရာကဏ္ဍအတွက်တော့ မပါဝင်ဘူးလို့ သိရပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...