မသေချာမရေရာတဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည် အနာဂတ်

မသေချာမရေရာတဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည် အနာဂတ်

ဆယ်စုနှစ်များစွာ တိုက်ပွဲရှောင်ရတဲ့ အတွေ့အကြုံရှိတဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေက အခုချိန်ထိလည်း စစ်ဘေးရှောင် သံသရာထဲမှာပဲ ရှိနေသေးပြီး အနာဂတ် အခြေအနေက မသေချာလှတဲ့ အခြေအနေ ရှိပါတယ်။

ကရင်နီပြည်ရဲ့ လူဦးရေ သုံးသိန်းမှာထက်ဝက်ကျော်လောက်က စစ်ဘေးဒုက္ခသည်တွေထဲမှာဆိုရင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းအရ ခန့်မှန်းခြေ ၃၀၀၀၀ လောက်က ရှမ်းပြည်နယ်တောင်ပိုင်းနီးစပ်ရာ မြို့တွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

နောက်ထပ် ၅၀၀ လောက်ကတော့ တခြားတိုင်းနဲ့ပြည်နယ်မြို့ကြီးတွေမှာ သွားရောက်ခိုလှုံနေကြပြီး ၁၀၀၀ လောက်ကတော့ ထိုင်းနယ်စပ်ဘက်ထိ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ကဆိုထားပါတယ်။

ကျန်တဲ့နောက်ထပ် လူဦးရေ ၁၂၀၀၀၀ လောက်ကတော့ တောထဲတောင်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ဘုရားကျောင်းတွေမှာ သွားရောက် ခိုလှုံနေကြရတယ်လို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က “ကမ္ဘာကြီးသိပါစေ”ဆိုတဲ့ ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG) နှင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) တို့ ပူးတွဲ ပြုစုထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

ဒါဟာ လက်ရှိ ကရင်နီပြည်ရဲ့ စစ်ဘေးရှောင် အခြေအနေ ဖြစ်ပါတယ်။

တချို့စစ်ဘေးဒုက္ခသည်စခန်းမှာ ကလေးတွေ ပညာသင်ကြားခွင့်ရဖို့ စေတနာ့ဝန်ထမ်းတွေက ဆောင်ရွက်ပေးနေတာရှိပေမယ့် ထွက်ပြေးနေရတဲ့ ကလေးငယ်တွေအားလုံး ပညာသင်ကြားဖို့ အခွင့်အရေး ဆုံးရှုံးနေကြရတယ်။

ဒီကြားထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု မရှိတဲ့စစ်ဘေးဒုက္ခသည်တွေမှာ ကိုဗစ်ကပ်ရောဂါကို ခုခံတွန်းလှန်နေရကြရပါသေးတယ်။ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ပုံမှန်ကာကွယ်ဆေးထိုးဖို့ အခွင့်အရေး တွေ ဆုံးရှုံးနေကြရတယ်။

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ တိမ်းရှောင် ပြေးလွှားနေရတဲ့ အချိန်မှာ ဘာဝင်ငွေမှမရှိ ဘာအလုပ်အကိုင်မှ မရှိ အလှူရှင်တွေက ကျွေးတဲ့ ထမင်းကို သာ တနေ့တ‌နေ့ စားနေကြရပြီး အလှူရှင် မရှိတော့တနေ့ ၊ တိုက်ပွဲတွေဆက်လက်ပြင်းထန်မှုကြောင့် လမ်းတွေပိတ်တဲ့တနေ့ကြရင် စစ်ဘေးဒုက္ခသည်တွေ အစာရေစာပြတ်လပ်မှု ကြုံတွေ့ရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။

ပြည်သူ ၁၇၀၀၀၀ ကျော်ရဲ့ လက်လုပ်လက်ရင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ၊ အသက်အိုးအိမ်စည်းစိမ်တွေကို လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။

အများပြည်သူဝန်ဆောင်မှု လျှပ်စစ်မီး၊ ရေ နဲ့အင်တာနက် စတဲ့ဝန်ဆောင်မှုတွေကိုလည်း ဖြတ်တောက်ထားခံရတယ်။

စစ်အာဏာရှင်ရဲ့ လူမဆန်မှုကို ခံစားရတဲ့ သိန်းနဲ့ချီတဲ့ ကရင်နီပြည်သူတွေ နစ်နာသူတွေအတွက် အသက်ဆက်လက်ရှင်သန်ရပ်တည်ဖို့နဲ့ တရားမျှတမှုရှိဖို့ အတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆောင်ရွက် ရမှာဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို အမြန်ဆုံး လွှဲပြောင်းဖို့ ကုလသမရဂ္ဂ လုံခြုရေးကောင်စီကလည်း မဆောင်ရွက်နိုင်သေးတော့ ကရင်နီပြည်သူတွေ ရှေ့ဆက် စစ်ဘေးဒဏ်ကိုခါးဆည်းခံကြရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...