KNLA ဝင်တိုက်၍ စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် ၂၇ ဦးအရှင်ဖမ်းပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

KNLA ဝင်တိုက်၍ စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် ၂၇ ဦးအရှင်ဖမ်းပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်ဝေ(မဲဝိုင်)အခြေစိုက် စစ်ကောင်စီတပ်အား ယမန်နေ့ မတ်လ ၁၁ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်တပ်ဖွဲ့ဝင် ၂၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည်ဟု KNU မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ၊ မယ်ဝေ(မဲဝိုင်)အုပ်စု၊ မယ်ပေါ်ထာတွင် ရိက္ခာသွားထုတ်ပြီး ပြန်လာသည့် ခြေလျင်တပ်ရင်း ခလရ ၉၇ တပ်ရင်းအား မယ်တရူလိုကျေးရွာအရောက်၌ နံနက် ၁၁ နာရီအချိန်တွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးအပါအဝင် ၂၇ ဦးအရှင်ဖမ်းမိခဲ့ပြီး သေဆုံးသူထဲတွင် တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦးပါဝင်သလို ဒဏ်ရာရရှိသူထဲတွင် တပ်ခွဲမှူး ၂ ဦးနှင့် ဗိုလ်တစ်ဦးပါဝင်သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

KNLA တပ်မဟာ ၅ ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်သည့် အဆိုပါ တိုက်ပွဲတွင် RPG 7 ၂ လက်၊ စက်လတ် ၁ လက်၊ K3 မော်တာ ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်အပါအဝင် ကျည်ဆံနှင့် ဆက်စပ်စစ်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိပြီး လက်ကိုင်ဖုန်းနှင့် ကျပ်ငွေသိန်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရမိသည်ဟု မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ KNLA တပ်မဟာ ၅ ဘက်တွင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟုလည်း မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြပါရှိသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...