KNLA ဝင်တိုက်၍ စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် ၂၇ ဦးအရှင်ဖမ်းပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

KNLA ဝင်တိုက်၍ စစ်ကောင်စီတပ်ခွဲမှူးအပါအဝင် ၂၇ ဦးအရှင်ဖမ်းပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်ဝေ(မဲဝိုင်)အခြေစိုက် စစ်ကောင်စီတပ်အား ယမန်နေ့ မတ်လ ၁၁ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်တပ်ဖွဲ့ဝင် ၂၇ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသည်ဟု KNU မူတြော်ခရိုင်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် ၊ မယ်ဝေ(မဲဝိုင်)အုပ်စု၊ မယ်ပေါ်ထာတွင် ရိက္ခာသွားထုတ်ပြီး ပြန်လာသည့် ခြေလျင်တပ်ရင်း ခလရ ၉၇ တပ်ရင်းအား မယ်တရူလိုကျေးရွာအရောက်၌ နံနက် ၁၁ နာရီအချိန်တွင် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက ကြားဖြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးအပါအဝင် ၂၇ ဦးအရှင်ဖမ်းမိခဲ့ပြီး သေဆုံးသူထဲတွင် တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦးပါဝင်သလို ဒဏ်ရာရရှိသူထဲတွင် တပ်ခွဲမှူး ၂ ဦးနှင့် ဗိုလ်တစ်ဦးပါဝင်သည်ဟု မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

KNLA တပ်မဟာ ၅ ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်သည့် အဆိုပါ တိုက်ပွဲတွင် RPG 7 ၂ လက်၊ စက်လတ် ၁ လက်၊ K3 မော်တာ ၄ လက်၊ စနိုက်ပါ ၂ လက်၊ MA2 ၆ လက်၊ MA1 ၈ လက်၊ MA3 ၆ လက်အပါအဝင် ကျည်ဆံနှင့် ဆက်စပ်စစ်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိပြီး လက်ကိုင်ဖုန်းနှင့် ကျပ်ငွေသိန်း ၃၀ ကျော်ကိုလည်း သိမ်းဆည်းရမိသည်ဟု မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ KNLA တပ်မဟာ ၅ ဘက်တွင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟုလည်း မူတြော်ခရိုင်သတင်းစဉ်တွင် ဖော်ပြပါရှိသည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...