စက်သုံးဆီးစျေးမြင့်တက်မှုကြောင့် ရေလုပ်သားများ လုပ်ငန်းရပ်နားရမည့် အခြေအနေနှင့်ကြုံနေရ

စက်သုံးဆီးစျေးမြင့်တက်မှုကြောင့် ရေလုပ်သားများ လုပ်ငန်းရပ်နားရမည့် အခြေအနေနှင့်ကြုံနေရ

ယခုနှစ်အတွင်း စက်သုံးဆီစျေး အဆမတန်မြင့်တက်နေခြင်းကြောင့် ရေလုပ်သားများအနေဖြင့် လုပ်ငန်းရပ်နားရမည့်အခြေအနေဖြင့် ကြုံတွေ့နေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများကပြောသည်။

ယခုလအတွင်း ဒီဇယ်ဆီတစ်ပေပါကို (၄၉၀၀၀၀)ကျော်အထိ မြင့်တက်မှုရှိသလို အောက်တိန်းတစ်လီတာကို (၂၁၀၀)ကျပ်ကျော်အထိ မြင့်တက်မှုရှိနေသည်။

ရေလုပ်ငန်းလုပ်ကိုင်သည့် စက်လှေတစ်စီးအနေဖြင့် တစ်နေ့လျှင် ဒီဇယ်ဆီတစ်ပေပါအထိအသုံးပြုရပြီး တစ်နေ့ရရှိသောငါးမှာ ဆီတန်ဖိုးနှင့်ကိုက်ညီခြင်းမရှိသည့်အတွက် ရေလုပ်ငန်းလုပ်ကိုင်သူများမှာ လုပ်ငန်းရပ်တန့်ရမည့်အခြေအနေနှင့် ကြုံတွေ့နေရကြောင်း လေးတောင်မြို့မှ ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်အေးက DMG သို့ပြောသည်။

"ဒီဇယ်စျေးက အခုဦးလေးတော့ တစ်ပေပါကို ၄၉၀၀၀၀ စျေးဝယ်ရတယ်။ တစ်နေ့ကို တစ်ပေပါကုန်တယ်။ လုပ်သားခ ဘာညာဆိုတော့ တစ်နေ့ကို ကုန်ကျငွေ ၁၀ သိန်ကျော်မှာရှိတယ်။  ငါးကလဲ အရင်နှစ်တွေကလောက်မရတော့ အဆင်မပြေဘူး။ ကုန်ခဲ့တဲ့နှစ်တွေက ဆီစျေးမတက်တော့ ယခုနှစ်လောက် ငါးစျေးမကောင်းပေမဲ့ ရပ်တည်ရေးအတွက်အဆင်ပြေတယ်"ဟု ၎င်းကပြောသည်။

လက်ရှိအချိန် ငါးစျေးနှုန်းမှာ ယခင်ကိုဗစ်ကာလကထက် စျေးမြင့်တက်မှုရှိနေသော်လဲ ငါးရှားပါးသည့်အခြေအနေကြောင့် ငါးရရှိမှုနည်းပါးနေကြောင်း ကျော့ပိုက်လုပ်ငန်းရှင်များကဆိုသည်။

ယခင်က တစ်နေ့လျှင် ငါးပိသာ ၁၀၀ ကျော်အထိရရှိပြီး ယခုအခါငါးပိသာ ၅၀ ရရှိရန် အလွန်ခက်ခဲမှုရှိနေပြီး စက်သုံးဆီစျေးနှုန်းပါ ထပ်မံမြင့်တက်လာခြင်းကြောင့် ရေလုပ်ငန်းပိုင်ရှင်များ အနေဖြင့် ကိုဗစ်ကာလထက် အဆမတန်ထိခိုက်မှုများရှိလာနေကြောင်း ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူ ကိုနွယ်မင်းကျော်ကပြောဆိုသည်။

"ကုန်စျေးနှုန်းတွေတက်တဲ့အတွက် အခက်အခဲများစွာရှိတယ်။ အခုဆီတစ်ပေပါကို ၅၀၀၀၀၀ ရှိနေတယ်။ လုပ်သားကြေး ဘာညာ တစ်လကိုသိန်း ၁၈၀ လောက်မှာရှိတယ်။ အရင်တုန်းက ၁၅၀ လောက်ဆို အကုန်အဆင်ပြေတယ်။ အခုအခြေအနေဆိုရင် ရေလုပ်သားတွေရဲ့လခတွေကိုတောင် လျှော့ချရမဲ့အခြေအနေတောင်ရှိနေတယ်။ အခုဟာက ရလာတဲ့ထွက်ကုန် စျေးနည်းပြီး ရဖို့အတွက်သုံးနေရတဲ့ သုံးကုန်စျေးများနေတော့ အရင်းရှာရတာတောင် မလွယ်တော့ဘူး"ဟု သူကပြောဆိုသည်။

ယခင်ကိုဗစ်ကာလအတွင်းက ငနီတူတစ်ပိသာကို ၄၅၀၀ ကျပ်သာ းရှိခဲ့သော်လဲ ဆီစျေးနှုန်းနှင့် ကုန်းစျေးနှုန်းမြင့်တက်မှုမရှိသည့်အတွက် ရေလုပ်သားများအနေဖြင့် အမြတ်အများများမရရှိသော်လဲ မိသားစုစားဝတ်နေရေးအတွက် ရပ်တည်ရန်အဆင်ပြေခဲ့ကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများကပြောဆိုသည်။

ယခုအခါ ငနီတူတစ်ပိသာကို ၅၄၀၀ ကျပ်အထိရရှိသော်လဲ စက်သုံးဆီနှင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ဆက်လက်ရပ်တည်ရန် အခက်အခဲများစွာရှိနေပြီး ယခုထက် ဆီစျေးနှုန်းဆက်လက်မြင့်တက်မှုဖြစ်လာမည်ဆိုပါက လုပ်ငန်းရပ်တန့်ရမည့်အခြေအနေဖြစ်ကြောင်း ရေလုပ်ငန်းလုပ်ကိုင်သူများကပြောဆိုသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...