မှတ်ပုံတင်မပါတဲ့ ခရီးသွားကို စစ်ကောင်စီတပ်ဖွဲ့တွေက ခရီးသွားခွင့် မပေးဘဲ ပြန်လွှတ်နေ

မှတ်ပုံတင်မပါတဲ့ ခရီးသွားကို စစ်ကောင်စီတပ်ဖွဲ့တွေက ခရီးသွားခွင့် မပေးဘဲ ပြန်လွှတ်နေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က တံတားဂိတ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေပြီး မှတ်ပုံတင်မပါရင် ခရီးသွား ခွင့်မပေးဘဲ ပြန်လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ပထမအပတ်ကစပြီး ခရီးသွားပြည်သူတွေကို မှတ်ပုံတင် စစ်ဆေးတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေတဲ့အတွက်ကြောင့် အခက်အခဲတွေ ဖြစ်နေကြပြီး၊ ကျန်းမာရေးကိစ္စတွေမှာလည်း မှတ်ပုံတင် မပါရင် မနည်းတောင်းပန်ပြီး သွားလာနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မှတ်ပုံတင် စစ်ဆေးမှုတွေကြောင့် ခရီးသွားပြည်သူ အများစု အခက်အခဲ မျိုးစုံ ရင်ဆိုင်နေရသလို ခရီးသွားလာရာမှာလည်း ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရတာပါ။

စစ်ကောင်စီ လက်အောက်ခံ လဝကဝန်ကြီးဌာနကတော့ လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးသမားတွေကို ဖမ်းဆီးဖို့နဲ့ ပြည်သူတွေကို နည်းမျိုးစုံသုံးပြီး အကြပ်းအတည် ဖြစ်အောင် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ထားတာပါ။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...