ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းနဲ့ အင်္ဂဘိုကျေးရွာကြားမှာ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်း နံဘေးမှာ စစ်ကြောင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၁)နဲ့PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်ကလည်း ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းအသုံးပြုသွားလာနေတဲ့ ခရီးသွားကားတွေ ခေတ္တရပ်နားခဲ့ရပြီး ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သလို ခရီးသွား ဟိုက်ဂျက်ကား တစ်စီးလည်း ကျည်ဆံထိမှန်ခဲ့ပါတယ်။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...