လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြတ်တောက်မယ်လို့ စစ်ကောင်စီ ပြန်ကြေညာ

လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြတ်တောက်မယ်လို့ စစ်ကောင်စီ ပြန်ကြေညာ

နိုင်ငံတဝန်းရဲ့ နေရာတချို့မှာ တစ်ပတ်တိတိ ၂၄ နာရီ လျှပ်စစ်မီးပြတ်တောက်မယ်လို့ ကြေညာပြီးနောက် အချိန်ပိုင်းသာ လျှပ်စစ်မီးဖြတ်တောက်တော့မယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့မှာ ထပ်မံကြေညာလိုက်တာပါ။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ မနေ့တုန်းက နိုင်ငံတဝန်းရဲ့ နေရာတချို့မှာ လာမယ့် မတ် ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ ၂၄ နာရီ လျှပ်စစ်မီးပြတ်တောက်မယ်လို့ ကြေညာခဲ့တာပါ။

ဒါပေမယ့် ဒီကနေ့ မတ်လ ၇ ရက်နေ့မှာတော့ နိုင်ငံတဝန်းမှာ လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြတ်တောက်မှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်တာတွေ မရှိကြဖို့ ကြေညာချက် ထပ်မံ ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အား အမြင့်ဆုံး ၄၂၀၀ မဂ္ဂဝါပ်ခန့် ထုတ်လုပ်နိုင်ပြီး လက်ရှိမှာတော့ ဓာတ်အား ၂၁၇၇ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီအတွက်ကြောင့် သဘာဝဓာတ်‌ငွေ့ ရယူသုံးစွဲနိုင်ဖို့ ပိုက်လိုင်းအသစ် ချိတ်ဆက်‌နေချိန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၃၀၄ မဂ္ဂါဝပ်ခန့် ဝန်အားထိန်းညှိမှုအရ တချို့နေရာတွေမှာ ၂၄ နာရီ မီးပြတ်တောက်မယ်လို့ ကြေညာခဲ့တာပါ။

စစ်ကောင်စီက၂၄ နာရီ လျှပ်စစ်မီး ပေးနေတယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရကြပြီး တစ်ရက်ကို ၈ နာရီလောက်သာ လျှပ်စစ်မီးရနေတာပါ။

မြန်မာနိုင်ငံမှာတော့ လျှပ်စစ်မီးဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ မကြာခဏ ဆိုသလို ပြတ်တောက်နေတဲ့အတွက်ကြောင့် ပြည်သူတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...