လွယ်ထွဲကျေးရွာမှာ ဆော့ကစားနေတဲ့ ကလေးငယ်တွေအနီး လက်နက်ကြီးကျပြီး (၃)ဦးသေဆုံး

လွယ်ထွဲကျေးရွာမှာ ဆော့ကစားနေတဲ့ ကလေးငယ်တွေအနီး လက်နက်ကြီးကျပြီး (၃)ဦးသေဆုံး

ဒီကနေ့(မတ်လ ၈ရက်) နေ့လည် ၁၂နာရီခွဲအချိန် စစ်ကောင်စီကနေပြီး လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် လွယ်ထွဲကျေးရွာထဲ ဆော့ကစားနေတဲ့ ကလေးငယ်တွေနား ကျရောက်ပြီး ၃ ဦးသေဆုံးသွားပါတယ်။

လက်နက်ကြီးကျရောက်တဲ့နေရာမှာ ကလေး ၄ ယောက်နဲ့ အဖေဖြစ်သူ ဦးလှထွန်း တို့ ရှိနေခဲ့ပြီး မိသားစုတစ်စု လုံးကို လက်နက်ကြီး ထိမှန်ခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးကြောင့် ၇နှစ်၊ ၁၀နှစ်၊၁၂နှစ် ဝန်းကျင်အရွယ် ကလေးငယ်(၃)ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ကလေးတွေကတော့ ယောင်္ကျားလေး ၂ယောက်နဲ့ မိန်းကလေးတစ်ယောက်တို့ဖြစ်ပြီး ၁၅နှစ်အရွယ် သမီးဖြစ်သူနဲ့ အဖေဖြစ်သူ နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူ နှစ်ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ပို့ဆောင်ပေးခဲ့ပြီး ဘယ်လိုမျိုး ထိခိုက်ဒဏ်ရာရခဲ့လဲဆိုတာတော့ အသေးစိတ်မသိရသေးဘူးလို့ ဆေးရုံကိုကူညီပို့ဆောင်ပေးသူတစ်ဦးကပြောပါတယ်။

“ အဲ့တာတော့ အသေးစိတ်မသိရသေးဘူးဗျ။ အခု ထိခိုက်မိတာတော့ ပြင်းထန်တယ်လို့ ပြောပေမယ့် အသက်အန္တာရယ်မစိုးရိမ်ရဘူးလို့ သိရတယ်။ ကောင်မလေးက ၁၅နှစ်အရွယ်ပေါ့နော။ အကြီးဆုံးထင်တယ်။ အဲ့ကောင်မလေး ထိခိုက်တယ်။ ဒါပေမယ့် အသက်အန္တာရယ်တော့ အခု ဆေးရုံသွားပို့ ပြန်လာတဲ့ တစ်ယောက်မေးတော့ အသက်အန္တာရယ်မစိုးရိမ်ရဘူးပေါ့နော။ “ လို့ ကူညီပို့ဆောင်ပေးသူက ပြောပါတယ်။

ဒီကနေ့မှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီကနေပြီး တစ်ဖက်သတ် ပြည်သူတွေဆီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာ ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလတွေမှာ လွယ်ထွဲကျေးရွာ၊ သုံးမိုင် ပကြဲကျေးရွာ၊ မော်ချီးစုစည်းကျေးရွာတွေက စစ်ရှောင်ခဲ့ဖူးပါတယ်။ အခြေအနေ တည်ငြိမ်တဲ့အတွက် လက်ရှိမှာတော့ ကျေးရွာထဲ နေထိုင်နေကြတာဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် အာဏာသိမ်းကာလအတွင်း အရပ်သားပြည်သူ သေဆုံးသူ (၂၂၁)ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု က မတ်လ ၂ရက်နေ့မှာ ဖော်ပြထားပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...