ကရင်နီက စစ်ရှောင်ပြည်သူတွေ ပြေးစရာ မြေမရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ

ကရင်နီက စစ်ရှောင်ပြည်သူတွေ ပြေးစရာ မြေမရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရ
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကရင်နီပြည်နယ်က နေအိမ်တခုပုံ
စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကရင်နီပြည်နယ်က နေအိမ်တခုပုံ

ကရင်နီ(ကယားပြည်နယ်)မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက်ကြောင့် စစ်ရှောင်ပြည်သူတွေ ပြေးစရာ မြေမရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ရှောင်ပြည်သူတွေ အများစု နေထိုင်ရာ ဒီမော့ဆိုအနောက်ဘက်ခြမ်းကို ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီး ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ နီးစပ်တောတောင်တွေကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပေမယ့် ပြေးစရာ မြေမရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

“ထပ်ရွှေ့လို့လည်း မရတော့ဘူး။ ပြေးစရာမြေလည်းမရှိတော့ဘူး၊ အနီးအနားမှာလည်း တောင်တွေပဲရှိတော့တာ တောင်တွေကြားမှာပဲ နေရတော့မယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့ အသက်ရှင်ဖို့ကိုပဲ ကြိုးစားရတော့မှာ။ ဘယ်အချိန်ငတ်ပြတ်မယ်မသိဘူး”လို့ စစ်ရှောင်အရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ စားနှပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက် ပိုမို မြင့်မားလာတာကြောင့် စစ်ရှောင်ပြည်သူတွေ ဘဝရပ်တည်နေထိုင်ရေးအတွက် အခက်အခဲမျိုးစုံရင်ဆိုင်နေတာပါ။

စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက်ထားတဲ့အတွက်ကြောင့် ရေရှည်မှာ အငတ်ဘေးကြောင့် အသက်သေဆုံးတဲ့ထိ ဖြစ်လာနိုင်တယ်လို့ စစ်ရှောင်းအရေးကူညီနေသူတွေက ဆိုကြပါတယ်။

ကရင်နီ(ကယားပြည်နယ်)မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေကြောင်း ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ သိန်းနဲ့ချီ ရှိခဲ့တာပါ။

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...