KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေအတွင်း မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံနှစ်သောင်းကျော်မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

KNU တပ်မဟာ(၁)နယ်မြေသို့ မြန်မာစစ်တပ်မှ အင်အားတိုးချဲ့ပြီးဝင်ရောက်လာမှုကြောင့် ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်းက နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

"စစ်ကောင်စီတပ်တွေ နယ်မြေချဲ့လာတာနဲ့ အင်အားတိုးချဲ့မှုတွေကနေ တိုက်ပွဲအဓိကဖြစ်ပွားတယ်။ ပြီးတော့ ဒီ(KNU)ဘက်ကလည်း စစ်ကောင်စီတပ်စွဲတဲ့စခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာရှိပါတယ်"ဟု ၄င်းမှပြောသည်။

ထိုတိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်(၄)လုံးကျော် မီးလောင်ပျက်စီးခဲ့ကာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များကဆိုသည်။

တိုက်ပွဲများ မကြာခနဖြစ်ပွားမှုကြောင့် ဒေသခံနှစ်သောင်းကျော်မှာ နီးစပ်ရာတောတောင်များတွင် လက်ရှိအချိန်အထိ စစ်ဘေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများ အခက်အခဲများစွာရှိနေကြောင်း ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

"အခုအထိ တိုက်ပွဲတွေကထပ်ဖြစ်ပွားနေတာရှိပါတယ်။ ဒေသခံတွေအနေနဲ့ နှစ်သောင်းကျော်က အခုအထိ နေအိမ်တွေကိုပြန်မရသေးဘူး။ စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ လိုအပ်မှုများရှိနေပါတယ်" ၄င်းမှဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက မွန်ပြည်နယ် သထုံ၊ ဘီလင်း မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့၌ မြန်မာစစ်တပ်နှင့် တိုက်ပွဲ (၄၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်(၆၀)ကျော်ရှိခဲ့ကြောင်း KNU တပ်မဟာ(၁)မှ သိရသည်။

 

Most read this week

August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...
August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...