KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲများကြောင့် ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေအတွင်း မြန်မာစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားမှုကြောင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ဒေသခံနှစ်သောင်းကျော်မှာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

KNU တပ်မဟာ(၁)နယ်မြေသို့ မြန်မာစစ်တပ်မှ အင်အားတိုးချဲ့ပြီးဝင်ရောက်လာမှုကြောင့် ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်းက နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

"စစ်ကောင်စီတပ်တွေ နယ်မြေချဲ့လာတာနဲ့ အင်အားတိုးချဲ့မှုတွေကနေ တိုက်ပွဲအဓိကဖြစ်ပွားတယ်။ ပြီးတော့ ဒီ(KNU)ဘက်ကလည်း စစ်ကောင်စီတပ်စွဲတဲ့စခန်းတွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာရှိပါတယ်"ဟု ၄င်းမှပြောသည်။

ထိုတိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်(၄)လုံးကျော် မီးလောင်ပျက်စီးခဲ့ကာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သတင်းရင်းမြစ်များကဆိုသည်။

တိုက်ပွဲများ မကြာခနဖြစ်ပွားမှုကြောင့် ဒေသခံနှစ်သောင်းကျော်မှာ နီးစပ်ရာတောတောင်များတွင် လက်ရှိအချိန်အထိ စစ်ဘေးခိုလှုံနေကြရပြီး စားနပ်ရိက္ခာနှင့်ဆေးဝါးများ အခက်အခဲများစွာရှိနေကြောင်း ကရင်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

"အခုအထိ တိုက်ပွဲတွေကထပ်ဖြစ်ပွားနေတာရှိပါတယ်။ ဒေသခံတွေအနေနဲ့ နှစ်သောင်းကျော်က အခုအထိ နေအိမ်တွေကိုပြန်မရသေးဘူး။ စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးအတွက်ဆေးဝါးတွေ လိုအပ်မှုများရှိနေပါတယ်" ၄င်းမှဆိုသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက မွန်ပြည်နယ် သထုံ၊ ဘီလင်း မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့၌ မြန်မာစစ်တပ်နှင့် တိုက်ပွဲ (၄၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှု အကြိမ်(၆၀)ကျော်ရှိခဲ့ကြောင်း KNU တပ်မဟာ(၁)မှ သိရသည်။

 

Most read this week

December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...
December 9, 2025
စစ်ကောင်စီ ထိန်းချူပ်ထားဆဲဖြစ်သည့် စစ်တွေမြို့က အခြေခံလက်လုပ်လက်စားနှင့် မွတ်ဆလင်များကို...
Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...